Arc 2.7(1)

4.2K 427 3
                                    

unicode

အပိုင်း(၃၇) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၇.၁)

လီယွီဖုန်းသည် သူ၏နောက်လိုက်များပြောဆိုနေသောစကားတို့အား မင်သက်စွာဖြင့် နားထောင်နေမိသည်။

ထိုအချိန်တွင် ဦးနှောက်ထဲမှ တစုံတရာက ရုတ်တရက်ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရပြီး ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားရသည်။

မူလက ထိုသူလျှိုအား အပြစ်ပေးချင်ခဲ့သော်လဲ ယခုအခါတွင်မူ မည်သို့ဖြစ်ကုန်မှန်းပင် မသိတော့ပါချေ။

ဖန်သားပြင်ပေါ်တွင်မြင်နေရသည့် ငိုကြွေးကာ သူ၏နာမည်ကိုတွင်တွင်ခေါ်ပြီး ကယ်ပေးပါရန်တောင်းဆိုနေသော ပိုင်ယွီအားကြည့်နေမိချိန်တွင် ဝမ်းနည်းလာရသည်။

မမြင်နိုင်သောပိုက်ကွန်တစ်ခုက သူ၏နှလုံးသားကို လွှမ်းခြုံထားလိုက်သကဲ့သို့ လီယွီဖုန်းခံစားလိုက်ရသည်။

ထိုပိုက်ကွန်မှာ တစ်စတစ်စပို၍တင်းကြပ်လာသဖြင့် အသက်ရှုများပင် ကြပ်လာရသည်။

တောက်တောက်ပပပြုံးပြကာ ဒါလင်ဟုခေါ်တတ်သည့် ပိုင်ယွီ၏ပုံစံလေးက အာရုံထဲ၌ ရှင်းလင်းစွာပေါ်ပေါက်လာသည်။

သူ့လည်ပင်းအားတွယ်ချိတ်ကာ နှုတ်ခမ်းတို့အား တယုတယနမ်းရှိုက်ပြီးနောက် ပြုံးပြ၍ ဤသို့လဲပြောလိမ်မြည်။ "ဒါဆို ငါ့ကိုစားလေ"

ပိုင်ယွီ့နှုတ်ခမ်း၏ချိုမြိန်မှုကို လီယွီဖုန်းမှလွဲ၍ မည်သူမှမသိနိုင်ပါပေ။

သို့ပါသော်လဲ ထိုသူအား ကျားရဲတို့၏အသိုက်ထဲ သာကိုယ်တိုင်ပို့ခဲ့သည်။

ထိုသူအား ကြမ်းတမ်းရိုင်းစိုင်းစွာ ဖျက်စီးနင်းခြေခံရပြီး ကြေမွပျက်စီးကာ သေဆုံးသွားမည်ကို ဝမ်းသာအားရရှုစားချင်ခဲ့သည်မဟုတ်ပါလော။

မဟုတ်ဘူး...

လီယွီဖုန်း ခေါင်းခါလိုက်မိသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
-

သူ၏နောက်လိုက်များထံမှ ဝေဖန်သံတို့က ဆက်တိုက်ထွက်ပေါ်နေဆဲပင်။

"ဝါး ခါးပတ်လဲ အဖြုတ်ခံလိုက်ရပြီ"

"အရမ်းလှတာပဲ ဒီအိုမီဂါက ငိုနေတာတောင် အရမ်းလှတယ်"

ထိုသူများ၏အာရုံက ဖန်သားပြင်၌သာရှိနေပြီး တီဗီထဲသို့တိုးဝင်လုမတတ် စိတ်အားထက်သန်နေကြသည်။

လျှံကျလာသောနှာခေါင်းသွေးများကိုပင် တိတ်တိတ်သေုတ်နေသူလဲရှိသည်။

သို့သော် ခဏအကြာတွင် တီဗီက ရုတ်တရက်ပိတ်သွားလေသည်။

"ဘာလုပ်တာလဲ အရေးကြီးတဲ့နေရာရောက်မှ ဘယ်သူက တီဗီပိတ်လိုက်တာလဲ"

အော်ဟစ်နေသောလူတစ်စုသည် လီယွီဖုန်း၏ကြီးမြတ်လှပါသော ဖယ်ရိုမုန်းတို့က လှိုင်းထန်နေသောပင်လယ်သဖွယ် လေထုထဲ၌ ချက်ချင်းပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now