unicode
အပိုင်း(၈၁) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၄.၂)
ရှဲ့ကျွင်းယန်၏ပါးစပ်ထဲမှ အဓိပ္ပါယ်မရှိသောစကားများသာ ဆက်တိုက်ထွက်နေခဲ့သည်။
"ငါ့ကို မင်းရဲ့ကိုယ်လုံးတီးပုံစံလေး ပြချင်တယ်လို့ မပြောခဲ့ဘူးလား အတွင်းခံကရော ပြောင်းပြန်ဖြစ်နေသေးလားဆိုတာ ကြည့်ပါရစေဦး ပြောင်းပြန်ဖြစ်နေရင်လဲ ကူဝတ်ပေးရအောင်လို့"စကားအတိုင်းပင် ရှဲ့ကျွင်းယန်၏လက်က ပိုင်ယွီ၏အတွင်းခံဆီ ရောက်လာခဲ့သည်။
"ဒီအတိုင်း...မဟုတ်..."
ပိုင်ယွီ ရှက်သွားပြီး လက်ကိုဆန့်ကာ ရှဲ့ကျွင်းယန်အား တွန်းထုတ်လိုက်သည်။
ဤကမ္ဘာမှဗီလိန်သည် ရိုးရိုးသားသားကျောင်းသားပုံစံဖြစ်သော်လဲ လွန်ခဲ့ပြီးသောကမ္ဘာမှ ဗီလိန်အားလုံးထက် ပရောပရီလုပ်တတ်မည်ဟု မထင်ထားမိခဲ့ချေ။
ပိုင်ယွီသည် မျက်နှာအရေထူသဖြင့် ဗီလိန်ကိုဆွဲဆောင်ခိုင်းပါက အဆင်ပြေမည်ဟု တွေးခဲ့မိသည်။ သို့သော် ယခုကဲ့သို့ မထိတထိ အပြောခံလိုက်ရသောအခါ မသက်မသာဖြစ်သွားရသည်။"ငါ... ငါ့ဘာသာဝတ်မယ် မင်းရဲ့အကူအညီမလိုဘူး"
စကားပြောနေရင်းမှ သူ့အား တံခါးအပြင်တွန်းထုတ်နေသည့် ပိုင်ယွီ၏ရှက်ကိုးရှက်ကန်းပုံလေးက ရှဲ့ကျွင်းယန်၏ခံစားချက်ကို ကောင်းမွန်စေသည်။
တံခါးပိတ်သွားခဲ့ပြီး ရှဲ့ကျွင်းယန်သည် အပြင်ဘက်မှနေ၍ လော့ချထားသောတံခါးကိုသာ ကြည့်နေရသည်။ တံခါးကိုကြည့်နေရင်း သူတွေးမိနေသည်က ပိုင်ယွီ၏ခန္ဓာကိုယ်အကြောင်းပင်။ထိုသို့လှပသောခန္ဓာကိုယ်လေးက တစ်ချက်ကြည့်လိုက်မိရုံနဲ့တင် ခံတွင်းကိုခြောက်သွေ့သွားစေသည်။ ထိကြည့်ဖူးသည်ဆိုပါလျှင်...။
ရှဲ့ကျွင်းယန် လက်ကိုဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်၌ တစ်သက်မမေ့နိုင်မည့် ချောမွေ့သောခံစားချက်တို့က ယခုထိရှိနေဆဲပင်။ပိုင်ယွီအား ဆေးလူးပေးနေစဉ်က သူ့ကိုယ်သူပင် မထိန်းနိုင်ဖြစ်ခဲ့ရသည်။ ထိုသည့်တိုင် နောက်ကျောကိုလိမ်းပေးရခြင်းဖြစ်ပြီး ရင်ဘတ်ခြမ်းမဟုတ်သေးပေ။
ထိုအကြောင်းတွေးမိရုံနှင့် တကယ်နှမြောရသည်။ သို့သော် ကိစ္စမရှိပါချေ။ ပိုင်ယွီ၏ဒဏ်ရာများက ခပ်မြန်မြန်မပျောက်လောက်သေးပေ။ သူ့ထံတွင် အခွင့်အရေးများစွာ ရှိနေသေးသည်။
၁၀မိနစ်ခန့်ကြာပြီးသောအခါ အခန်းထဲမှ ပိုင်ယွီထွက်လာသည်။ ထိုကောင်လေး၏ပုံစံမှာ အနည်းငယ်ပြုပြင်ထားပုံရပြီး ရှည်လွန်းနေသောဆံမြိတ်ကိုလဲ နားရွက်နောက်သပ်တင်ထားသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️