unicode
အပိုင်း(၉၄) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၇.၁)
"ဘယ်လိုပေါက်ကရတွေကို လာပြောနေတာလဲ ဘယ်လိုဖြစ်နိုင်မှာလဲ ပိုင်ယွီက အရမ်းရုပ်ဆိုးတယ်ဆိုတာ ငါသိတယ်"
"အဲ့တာက ပိုင်ယွီအစစ်ပါ မဟုတ်ရင် ရှဲ့ကျွင်းယန်က အဲ့လိုမျိုးနမ်းပါ့မလား မင်းငါ့ကိုမယုံရင် ကိုယ်တိုင်သွားရှာကြည့်လေ"
ကောင်လေးက ထိုသို့ဆိုလာသောအခါ နေရာတွင်ရှိနေသူတိုင်း ထိတ်လန့်သွားကြသည်။
ရုတ်တရက်ကြီးဆိုသလိုပင် လှပလွန်းသောမိန်းမလှလေးက ယောကျာ်းလေးဖြစ်သွားခဲ့သည့်အပြင် ထိုသူက ပိုင်ယွီဖြစ်နေသေးသည်။
အားလုံးက အချင်းချင်းပြန်ကြည့်နေကြပြီး တစ်ဖက်လူ၏မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုကို တွေ့မြင်နေရသည်။
သူတို့မေးလိုက်မိသောလူသည် ရူးသွပ်နေသူတစ်ယောက်လဲ ဖြစ်နိုင်သည်ဟု ခံစားလာရသည်။
ရှဲ့ကျွင်းယန်သည် ပိုင်ယွီ၏လက်ကိုဆွဲကာ ရှေ့သို့လျှောက်လာနေသည်။
သူ၏ခြေလှမ်းများက မြန်ဆန်နေပြီး တန်ဖိုးထားရသောရတနာလေးကို တပါးသူတို့မြင်သွားမှာ စိုးရိမ်နေသကဲ့သို့ပင်။
သို့သော်လဲ စတိတ်စင်နောက်၌ အမေးအဖြေလုပ်နေခဲ့သောကောင်လေးများသည်လဲ အမှန်တရားကို သိရှိနိုင်ရန်အလို့ငှာ ရှဲ့ကျွင်းယန်ကို စတင်ရှာဖွေတော့သည်။
သူ၏နာမည်ကို တကြော်ကြော်အော်ခေါ်ပြီး ပို၍နီးကပ်လာသောလူအုပ်ကြီးအား ကြည့်လိုက်ပြီးနောက် ရှဲ့ကျွင်းယန်သည် ချက်ချင်းဆိုသလိုပင် ပိုင်ယွီ၏လက်ကိုဆွဲကာ ထွက်ပြေးတော့သည်။
ဤသို့နှင့် ကျောင်းဝင်းထဲ၌ ရယ်ရွှင်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျောင်းသားအများစုက ခန်းမထဲ၌ ပြဇာတ်များကို ကြည့်နေဆဲဖြစ်သော်လဲ လူအနည်းစုကမူ ကစားကွင်းထဲ၌ ရှဲ့ကျွင်းယန်နောက်ကို ပြေးလိုက်နေကြသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️