unicode
အပိုင်း(၆၄) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၁.၂)
ရှစ်ယွင်ယီ မျက်မှောင်ကျုံ့၍ မော့ယွင်အားကြည့်လိုက်သည်။ သူ့အတွေးအရဆိုပါလျှင် ပိုင်ယွီသည် သွေးကျွန်ဖြစ်ရခြင်း၏ အကျိုးအမြတ်များကို နားမလည်၍သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လျင်မြန်စွာပြေးလိုက်သွားပြီး ပိုင်ယွီအား အော်ပြောလိုက်သည်။
"ငါ့ရဲသွေးကျွန်ဖြစ်ရင် မင်းကို အဆုံးမရှိတဲ့ကြွယ်ဝမှုတွေအပြင် ထာဝရအသက်ရှင်ခွင့်ကိုပါ ပေးဦးမှာနော် အဲ့တာတွေကိုတောင် မလိုချင်ဘူးလား"
ရှစ်ယွင်ယီ၏စကားဆုံးသွားသည့်တိုင် ပိုင်ယွီက မတုံ့ပြန်ခဲ့သော်လဲ နံဘေးမှလူသားများကမူ မျက်လုံးပြူးသွားကြသည်။
လူတစ်ယောက်က ပြေးထွက်လာပြီး ရှစ်ယွင်ယီ၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"အရှင် ကျွန်တော်က အရှင့်ရဲ့သွေးကျွန်ဖြစ်ဖို့ ဆန္ဒရှိပါတယ် ပိုင်ယွီနဲ့ကျွန်တော်က ဝမ်းကွဲတွေပါ ဒါကြောင့် သွေးသားတော်စပ်မှုရှိပြီး သွေးတွေကလဲ ဆင်တူပါတယ် ပိုင်ယွီရဲ့သွေးကို သဘောကျတယ်မလား ကျွန်တော့်ရဲ့သွေးကလဲ ချိုမှာပါ ဟုတ်ကဲ့"
ထိုသူမှာ ပိုင်ယွီ၏ဝမ်းကွဲဖြစ်သူ ဝမ်ယွီဖြစ်ပြီး နေ့ချင်းညချင်း အကြီးအကျယ်ချမ်းသာရန် အိပ်မက်မက်တတ်သူဖြစ်သည်။
ရှစ်ယွင်ယီ၏စကားက သူ့အား အလွန်ဆွဲဆောင်နေသည်။ ကြာရှည်စွာရှင်သန်၍ သုံးမကုန်သောရွှေငွေများနှင့် သူ၏အနာဂတ်ကို လှမ်းမြင်နေရပြီဖြစ်သည်။ ထိုအတွက် သူပေးချေရမည်မှာ သွေးအနည်းငယ်သာဖြစ်သည်။
"အရှင် ကျေးဇူးပြုပြီး အရှင့်ရဲ့ကျွန် ဖြစ်ခွင့်ပေးပါ ကျွန်တော်က ဆန္ဒရှိပါတယ်"
ရှစ်ယွင်ယီသည် သူ့ရှေ့မှလူကိုကြည့်ပြီးနောက် မော်ကြွားစွာဖြင့် ခေါင်းမော့ရင်ကော့၍ ပိုင်ယွီအား လှမ်းပြောလိုက်သည်။
"ကြည့်ပါဦး မင်းကသာမဖြစ်ချင်တာ သူများကတောင် ဆန္ဒရှိတယ်"
ထိုအချိန်တွင် လူငယ်၅ယောက်၆ယောက် ပြေးထွက်လာသည်။ သူတို့အနေနှင့် ဗန်ပိုင်းယားကို ကြောက်ပါသော်လဲ ရှစ်ယွင်ယီ၏ကမ်းလှမ်းချက်က အားလုံးကို ယိမ်းယိုင်စေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️