unicode
အပိုင်း(၈၄) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၇.၂)
"ဘယ်...ဘယ်သူက ပြောခဲ့လို့လဲ"စုန့်ယွီတစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သောက်ကျိုးနည်းဖန်းချီသည် ဤသို့စကားမျိုးကို အဘယ်ကြောင့်များ ပိုင်ယွီ၏ရှေ့၌ ပြောထွက်ရပါသနည်း။
သူ့အတွက်မူ ပိုင်ယွီအား မျက်မှန်မပါဘဲ တွေ့လိုက်ရချိန်မှစ၍ စွဲလန်းမိခဲ့ပြီး ပိုင်ယွီအား တောင်းပန်ရမည့်နည်းလမ်းများကိုလဲ ညလုံးပေါက်စဉ်းစားခဲ့သည်။ သို့သော် သူ၏ညီကိုတော်က တွေ့တွေ့ချင်းမှာတင် ထိုစကားပြောလာမည်ဟု မထင်ထားခဲ့ပေ။စုန့်ယွီသည် ဖန်းချီအတွက် အလျင်အမြန်ဖြေရှင်းချက်ထုတ်လိုက်သည်။
"ငါပြောမယ် ဒီနေ့ကစပြီး ပိုင်ယွီကို ဘယ်သူမှရိုက်ခွင့်မရှိဘူး"
ဖန်းချီကမူ စုန့်ကျဲအား ကြောင်တောင်တောင်နှင့်ကြည့်နေပြီး စုန့်ကျဲသည်လဲ အခြေအနေများကို နားမလည်တော့ပေ။
"စုန့်ကော နင်ဘာလုပ်တာလဲ ဆေးမှားသောက်လာတာလား"
"ဘယ်သူကဆေးမှားသောက်ရမှာလဲ"
စုန့်ယွီသည် စုန့်ကျဲကိုပင် ဂရုမစိုက်တော့ဘဲ ခေါင်းမော့ရင်ကော့ကာ ရှိနေသမျှလူတိုင်းကို ပြောလိုက်သည်။
"မင်းတို့မှတ်ထားရမှာက ရပ်တန့်လိုက်ဖို့ပဲ ပိုင်ယွီကို အနိုင်ကျင့်တဲ့လူမှန်သမျှ ငါဆိုတဲ့စုန့်ယွီနဲ့ ပြဿနာတက်လိမ့်မယ် ဒီနေ့ကစပြီး ပိုင်ယွီဟာ ငါကာကွယ်ပေးမဲ့လူပဲ အားလုံးသဘောပေါက်လား""စုန့်ကော နင်ရူးသွားပြီလား သူကပိုင်ယွီနော်"
စုန့်ကျဲကမူ စုန့်ယွီအား မယုံကြည်နိုင်သောမျက်လုံးများနှင့် ကြည့်နေခဲ့သည်။ ထိုပုဂ္ဂိုလ်သည် သူမ၏အစ်ကိုအစစ်ပါလော။ အဘယ်ကြောင့်များ ပိုင်ယွီကိုကူညီချင်နေရပါသနည်း။"အေး သူကပိုင်ယွီဆိုတာ ငါသိတယ်"
စုန့်ယွီသည် ပိုင်ယွီဘက်သို့ လှည့်ကြည့်လာပြီး "ပိုင်ယွီ သူတို့မင်းကို ခြောက်လှန့်ကြသေးလား စိတ်မပူနဲ့တော့နော် ဒီနေ့ကစပြီး ငါကမင်းကို ကာကွယ်ပေးမှာမို့ ငါသာရှိနေရင် မင်းကိုဘယ်သူမှရိုက်ရဲမှာမဟုတ်တော့ဘူး"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️