unicode
အပိုင်း(၄၇) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၇.၂)
"၁၈လွှာကနေ ခုန်ချရမှာလေ မင်း ငါ့ကိုသေခိုင်းနေတာလား"
[မဟုတ်ဘူးလေ ကျွန်တော့်စကားမဆုံးသေးဘူး အခု၁၈လွှာမှာရှိနေပေမဲ့ ၄၅°စောင်းပြီး ခုန်ချနိုင်ရင် ၁၆လွှာက ဝရန်တာဆီကို ရောက်သွားမှာ ဒါပေမဲ့ အန္တရာယ်များလွန်းတယ် တစ်ခုခုလွဲသွားတာနဲ့ သေမှာ]
"ငါသိပြီ"
ပိုင်ယွီတွင် ရွေးစရာမရှိတော့သဖြင့် ပြတင်းပေါက်နားရောက်သည်အထိ ဖြည်းဖြည်းချင်း နောက်ဆုတ်နေခဲ့သည်။
ထိုအချိန် အောက်ထပ်သို့ဆင်းနေရင်းမှ လီယွီဖုန်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။
c12316နံပါတ်ပါ လိုင်စင်နံပါတ်ပြား တပ်ထားသော ကားတစ်စီးကို မြင်တွေ့လိုက်ရသည်။
သာမန်လူများဆိုပါက သတိပြုမိလိမ့်မည်မဟုတ်သော်လဲ လီယွီဖုန်းအနေနှင့်မူ ထိုကားသည် အမတ်ပိုင်အိမ်တော်မှကားဖြစ်ကြောင်း မေ့မသွားခဲ့ပေ။
အမတ်ပိုင်၏လူများက အဘယ်ကြောင့် ရောက်နေရပါသနည်း။
သူ၏နှလုံးသားက ရုတ်တရက် တင်းကြပ်သွားရသည်။
လီယွီဖုန်းသည် ချက်ချင်းအနောက်ပြန်လှည့်ကာ အပေါ်ထပ်သို့ ပြေးတက်တော့သည်။' ချီးပဲ အဲ့ဒီစိတ်ရှုပ်စရာ အိုကြီးအိုမက ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ'
ဤအခေါက်တွင် ပိုင်ယွီသည် ထိုလူအိုကြီးအား သစ္စာဖောက်ခဲ့သဖြင့် ပိုင်ယွီအား ထိခိုက်စေလောက်မည်လော။
သက်တော်စောင့်များစွာထားခဲ့သော်လဲ လီယွီဖုန်း၏နှလုံးခုန်သံတို့က ပြင်းထန်လာသည်။မကြုံစဖူး ထိတ်လန့်မှုက သူ့နှလုံးသားကို တိုက်ခိုက်နေခဲ့သည်။
အပေါ်သို့ရောက်သွားချိန်တွင် တံခါးဝတွင်ရှိရမည့် ပိုင်ယွီ၏သက်တော်စောင့်များကလည်း လူနာခန်းအဝတွင် မေ့မြောနေခဲ့သည်။
လီယွီဖုန်း၏မျက်လုံးအိမ်များမှာ ချက်ချင်းဆိုသလို ကျုံ့ဝင်သွားရသည်။
တံခါးအား ဖွင့်လိုက်ချိန်တွင် အမတ်ပိုင်၏ဖိအားပေးမှုအောက်၌ ပြတင်းပေါက်မှခုန်ချတော့မည့်ပိုင်ယွီအား တွေ့လိုက်ရလေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️