Arc 3.12(1)

2.5K 304 0
                                    

unicode

အပိုင်း(၆၅) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၂.၁)

မော့ယွင် ရုတ်တရက် စိတ်ဝင်စားသွားမိသည်။ ထို့ကြောင့် မတ်တပ်ထရပ်ကာ ရှစ်ယွင်ယီကြားအောင် ပြောလိုက်သည်။

"ရှစ်ယွင်ယီ အဲ့လူသားကို မင်းမလိုချင်မှတော့ ငါ့ကိုပေးလိုက်တော့ ငါက သွေးကျွန်တော့မလိုချင်ပါဘူး ဒီအတိုင်း တစ်ခါထဲနဲ့ သွေးအကုန်သောက်ပစ်မှာ သူ့သွေးတွေက အရမ်းလတ်ဆတ်ချိုမြိန်မှာ"

စကားဆုံးပြီးသည်နှင့် မော့ယွင်သည် ပိုင်ယွီရှိရာသို့ တစ်ဟုန်ထိုးပျံသန်းသွားသည်။

ရှစ်ယွင်ယီ၏နှလုံးသားက တင်းကြပ်သွားပြီး ကိုင်ထားမိနေဆဲဖြစ်သော ဝမ်ယွင်၏လက်ကိုလဲ လွှတ်ချလိုက်သည်။

"သခင်"

ဝမ်ယွင်သည် ရှစ်ယွင်ယီအား မျှော်လင့်တကြီးနှင့်ကြည့်၍ ထိုလက်တစ်ဖက်အား ပြန်ဆုပ်ကိုင်ထားချင်မိသည်။ စာချုပ်မချုပ်ရသေးဘဲ ထိုဗန်ပိုင်းယားကို မလွှတ်ပေးနိုင်ပေ။

သို့သော် ရှစ်ယွင်ယီသည် ဝမ်ယွီအား မြေကြီးပေါ် ကန်ကျောက်လိုက်ပြီး အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"ထွက်သွားစမ်း"

ပို၍နီးကပ်လာသော မော့ယွင်နှင့်ပိုင်ယွီတို့အကြားမှ အကွာအဝေးကိုကြည့်ကာ ရှစ်ယွင်ယီ၏နှလုံးသားက လည်ချောင်းဝအထိ ခုန်ထွက်လာသည်။

ထိပ်တန်းဗန်ပိုင်းယားများသည် သွေးကိုသာ သေချာအရသာမခံချင်လျှင် လူတစ်ယောက်ထံမှသွေးကို စက္ကန့်ပိုင်းအတွင်း အကုန်စုပ်ယူနိုင်သည်။ အကယ်၍ မော့ယွင်သာ ပိုင်ယွီကိုမိသွားပါလျှင် ပိုင်ယွီသည် ချက်ချင်းသေသွားလိမ့်မည်။

ထိုအခိုက်အတန့်အတွင်းဝယ် ရှစ်ယွင်ယီ၏နှလုံးသားထဲမှ အလိုမကျမှုနှင့် ဒေါသတို့အစား ကြောက်ရွံ့မှုက အစားထိုးသွားခဲ့သည်။

ပိုင်ယွီရှိရာသို့ အရူးတစ်ယောက်နှယ် ပျံသန်းသွားခဲ့ပြီး အော်ဟစ်လိုက်သည်။

"မော့ယွင် မင်းသူ့ကိုထိရဲထိကြည့် ငါမင်းကို တကယ်သတ်မှာ"

မော့ယွင်၏မျက်လုံးများထဲ၌ အရွဲ့တိုက်လိုမှုအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ဤသို့ဖြစ်လာမည်ကို သူထင်ပြီးသားဖြစ်သည်။

ရှစ်ယွင်ယီသည် သူစိတ်ကူးကြည့်ဖူးသည်ထက်ပင် ပိုတုံးအသေးသည်။ လူသားတစ်ယောက်ကို သွေးကျွန်ဖြစ်စေချင်ပါက နိမ့်ကျသောလူသား၏ဆန္ဒကို မေးနေစရာမလိုပေ။ တစ်ချက်ထဲနှင့် ဖမ်းခေါ်သွားရုံသာ လိုအပ်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now