Arc 4.13(2)

1.6K 136 0
                                    

unicode

အပိုင်း(၉၀) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၃.၂)

အချိန်တို့က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြီး မကြာမီအချိန်၌ ဖျော်ဖြေရေးပွဲကျင်းပမည့်နေ့လဲ ရောက်လာတော့မည်ဖြစ်သည်။

ရှဲ့ကျွင်းယန်သည် သူတို့၏ဆက်ဆံရေးကို ကြေငြာခဲ့သော်လဲ ပိုင်ယွီဘက်မှ ငြိမ်သက်လွန်းနေသောကြောင့် ဖိုရမ်ပေါ်မှလူများသည်ပင် ထို၂ယောက်ပြတ်ဆဲသွားသလားဟု အမေးများလာသည်။

ထို့အပြင် မိန်းမလှလေးအချို့မှာ ပိုင်ယွီအပေါ် မုန်းတီးမှုအပြည့်ရှိနေဆဲဖြစ်ပြီး ရှဲ့ကျွင်းယန်နောက်ကို လိုက်နေဆဲပင်။ ပိုင်ယွီကိုကမူ လုံးဝမရှိနေသလို အဖက်ပင်မလုပ်ချေ။

ပိုင်ယွီ အတန်းထဲရောက်လာပြီးမကြာမီ လူတိုင်းက စတိတ်ပေါ်တွင် လေ့ကျင့်နေကြပြီဖြစ်သည်။ မင်းသားပုံစံနှင့် ရှဲ့ကျွင်းဟန်က အလွန်ဟိတ်ဟန်ကြီးလှသည်။

ဝတ်စုံများကို ဝတ်ဆင်ကာ အဝတ်လဲခန်းမှ ထွက်လာချိန်၌ လူတိုင်းနီးပါး အံ့အားသင့်သွားရသည်။ တစ်ကိုယ်လုံး၌ အရောင်တလက်လက်ထွက်နေပြီး အသွင်အပြင်တို့က အထက်တန်းဆန်ဆန်ပင်။

'သာမန်ကျောင်းသားနဲ့ ဘယ်နားမှာတူလို့လဲ။ ကြည့်ပါဦး မင်းသားအစစ်လိုပဲမဟုတ်လား အရမ်းချောလွန်းနေတယ်'

သို့ပါသော်လဲ လူတိုင်းအကြည့်မခွာနိုင်သော ကိုယ်လူချောသည် အခန်းထဲ၌ မည်သူမှရှိမနေသလိုမှတ်ကာ ပိုင်ယွီရှိရာကိုသာ တန်းတန်းမတ်မတ်သွားနေလေသည်။ ဤမြင်ကွင်းကြောင့် လူအတော်များများ မကျေမနပ်ဖြစ်သွားကြသည်။

လပေါင်းများစွာကြာလာသည့်တိုင် ရှဲ့ကျွင်းယန်နှင့်ပိုင်ယွီတို့သည် စုံတွဲများဖြစ်ကြသည်ဟူသောအချက်ကို လူတိုင်းလက်မခံနိုင်ကြသေးပေ။

၂ဦးသားက ညတိုင်းလိုလို အတူတူအိပ်စက်ကြသဖြင့် ရှဲ့ကျွင်းယန်၏ပုံစံကို အမြင်ရိုးနေမည်ဟု ထင်ခဲ့ပါသော်လဲ ဝတ်စုံပြည့်နှင့်ရှဲ့ကျွင်းယန်ကို တွေ့လိုက်ရချိန်တွင် ပိုင်ယွီ အံ့အားသင့်သွားရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now