unicode
အပိုင်း(၉၅) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၈.၁)
ထိုကောင်လေးသည် ဖျော်ဖြေပွဲ၌ မိန်းမလှလေးအဖြစ် သရုပ်ဆောင်ကာ လူတိုင်း၏အသည်းနှလုံးကို လှုပ်ခါသွားစေခဲ့သူပါလော။ သူတို့ထင်နေခဲ့သော မိန်းမလှလေးမှာ တကယ်တမ်းတွင် ယောကျာ်းလေးတစ်ယောက်ဖြစ်နေခဲ့သည်။
"ငါမှတ်မိပြီ ဟုတ်တယ် ဟုတ်တယ်"
ထိုသူ၏နံဘေးမှ၁ယောက်ကမူ ချီတုံချတုံနှင့် ကြည်နေလေသည်။
"အမှန်ပဲဟ ငါ့ကိုထွက်သွားခွင့်ပေးပါတော့ ဒီကမ္ဘာကြီးက အရမ်းဆန်းကြယ်တာပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့နတ်ဘုရားမလေးက ယောကျာ်းလေးဖြစ်နေတဲ့အပြင် အဲ့ဒီယောကျာ်းလေးကလဲ ပိုင်ယွီတဲ့လေ"
"မဟုတ်ဘူး ပိုင်ယွီက ရုပ်ဆိုးတယ်လို့ မင်းတို့အားလုံး ပြောခဲ့ကြတယ်မဟုတ်လား သူက ဘာလို့အရမ်းလှသွားတာလဲဆိုတာ ပြောပြကြပါဦး"
လက်ရှိအချိန်တွင် ကျောင်းသားအားလုံးမှာ အံ့သြထိတ်လန့်နေပုံရပြီး မယုံကြည်နိုင်သည့်အမူအရာများကို တစ်ယောက်ချင်းစီ၏မျက်လုံးများထဲ၌ မြင်နေရသည်။
ရှဲ့ကျွင်းယန်၏စက်ဘီးပေါ်တွင် ထိုင်နေသောကောင်လေးမှာ ပိုင်ယွီဖြစ်ကြောင်း သေချာတွေ့လိုက်ရသည်။
တကယ်တမ်းတွင် မျက်မှန်မတပ်ထားသော်လဲ ထူးထူးဆန်းဆန်းရှေ့ဆံမြိတ်ကရှိနေသေးသည် မဟုတ်ပါလော။ မည်သည့်ရှုထောင့်မှကြည့်ကြည့် ထိုကောင်လေးမှာ ပိုင်ယွီသာဖြစ်သည်။
အချို့လူများကမူ ပိုင်ယွီက ပိုချောမောလာမည်ဟု တွေးကြပြီး အချို့လူများကမူ ပိုင်ယွီမျက်မှန်ချွတ်လိုက်သည့်အကြောင်းကို သိချင်ကြသည်။
တကယ်တမ်းတွင် မူလဇာတ်ကောင်၏ အကျင့်စရိုက်မှာ ပျော့ညံ့လွန်းပြီး ဖြစ်သလိုနေထိုင်တတ်ကာ အမြဲတစေ သုန်မှုန်နေတတ်သည်။ ထို့ကြောင့် လူအများမြင်ရသော ပိုင်ယွီ၏ပုံစံမှာ အရူးလေးတစ်ယောက်နှင့်တူသည်။ ထိုမျှတင်မကဘဲ လူတစ်ယောက်နောက်ကို တကောက်ကောက်လိုက်နေတတ်ပြီး ထိုသူကလဲ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ရှဲ့ကျွင်းယန်ဖြစ်နေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️