unicode
အပိုင်း(၉၈) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၁.၁)
ရှဲ့ကျွင်းယန်အား ခေါင်းငြိမ့်ပြပြီးနောက် လူရမ်းကားများကို တစ်ဖန်ပြန်ကြည့်သည်။ မျက်လုံးထဲ၌ စိုးရိမ်နေသောအရိပ်အယောင်များရှိနေသော်လဲ ပိုင်ယွီ လှည့်ထွက်သွားရသည်။
ပိုင်ယွီထွက်သွားပြီးနောက် ရှဲ့ကျွင်းယန်သည် ထိုလူရမ်းကားများအား နက်မှောင်သောမျက်လုံးများနှင့်ကြည့်နေသည်။
လူရမ်းကားတို့၏စိတ်ထဲ၌ ထိုမျက်လုံးများထဲတွင် မြင်လိုက်ရသော နူးညံ့မှုတို့က ထင်ယောင်ထင်မှားမြင်လိုက်ရသလိုပင် ခံစားလာရသည်။
လက်ရှိတွင် ရှဲ့ကျွင်းယန်သည် သွေးဆာကြမ်းကြုတ်နေပြီး သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာအရှိန်အဝါတို့ကြောင့် ပတ်ဝန်းကျင်လေထုမှာ အေးခဲသွားသလိုပင်။
ရှဲ့ကျွင်းယန်အား ကြည့်နေသောလူရမ်းကားများ၏ခြေထောက်တို့က မသိမသာနှင့် စတင်တုန်ရီလာသည်။ တစ်ဖက်လူက ကျောင်းသားတစ်ယောက်သာဖြစ်ကြောင်း သိသာလှသော်လဲ သူတို့၏စိတ်ထဲတွင် အလွန်ကြောက်လန့်နေမိပါသည်။
ရှဲ့ကျွင်းယန်၏စိတ်ထဲ၌ ပိုင်ယွီ ဒဏ်ရာရမရသိချင်သောကြောင့် အနည်းငယ်မျစိုးရိမ်ပူပန်နေမိသည်။ သူ့အနေနှင့် ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ချမိသည်။
သူ့အကောင်ပေါက်လေးနှင့်ပက်သတ်၍ စိတ်ပူပန်နေရသည်မျိုးကို မလိုချင်ပေ။
သို့သော် ရှဲ့ကျွင်းယန် မသိသေးသည့်အချက်လဲ ရှိနေသည်။ ပိုင်ယွီက ထွက်သွားရန်ငြင်းဆန်ခဲ့ခြင်းမှာ ရှဲ့ကျွင်းယန်ထိခိုက်မည်ကို စိုးရိမ်သောကြောင့်မဟုတ်ဘဲ သေအောင်ရိုက်သတ်ခံရတော့မည့် လူရမ်းကားများ၏အနာဂတ်ကို သိမြင်နေသောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ ဤလူ့အဖွဲ့အစည်းသည် တရားဥပဒေစိုးမိုးနေဆဲဖြစ်၍ ပိုင်ယွီသည် ရှဲ့ကျွင်းယန်အား ရာဇဝတ်သားတစ်ယောက် မဖြစ်စေချင်ပေ။
ပိုင်ယွီ စိတ်ပူနေသောကိစ္စက တကယ်ဖြစ်လာခဲ့သည်။
သူထွက်သွားပြီးသည်နှင့် ထိုမီနီယွန်အုပ်စုမှ ရှဲ့ကျွင်းယန်၏လက်ထဲတွင် တစ်စစီဖြစ်အောင် အရိုက်ခံရတော့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️