Arc 2.1(ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ)

6.6K 528 7
                                    

unicode

အပိုင်း(၃၁) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁)

ကြိုးကိုတင်းတင်းချည်ထားသောကြောင့် သည်းခံနိုင်ရန်ပင် ခက်ခဲလွန်းသည့်အတွက် ပိုင်ယွီမျက်မှောင်ကျုံ့လိုက်မိသည်။ ကျောက်စိမ်းသဖွယ် ဖြူမွတ်နေသော သူ၏လက်ကောက်ဝတ်၌ ကုတ်ခြစ်ရာနှစ်ခုလဲ ရှိနေလေသည်။

လက်ရှိတွင်သူသည် အသတ်ခံရခါနီး ငါးတစ်ကောင်ကဲ့သို့ ကုတင်ပေါ်တွင် လဲလျောင်းနေရပြီး မည်သူကမဆို အလွယ်တကူအနိုင်ကျင့်သွားနိုင်သည့် အနေအထားမျိုးတွင် ရှိနေလေသည်။

ပိုင်ယွီသည် အနည်းငယ်မျှပင် မတုံ့ဆိုင်းနေတော့ဘဲ သူ၏လက်များကို တုပ်နှောင်ထားသည့်ကြိုးများမှလွတ်ရန် အားထုတ်သုံးလိုက်သည်။ ဘာမှမသိသောအနေအထားတစ်ခုတွင် သူ့ကိုယ်သူဒုက္ခအရောက်မခံနိုင်ပေ။

ခြေထောက်များကိုလဲ ချည်ထားပါသော်ငြား တင်းတင်းကျပ်ကျပ်မဟုတ်သဖြင့် အလွယ်တကူပြေသွားလေသည်။

လက်ရှိတွင် သူ၏ခန္ဓာကိုယ်က အားနည်းသည်ဟု ခံစားရပါသော်လဲ လွန်ခဲ့ပြီးသောကမ္ဘာမှခန္ဓာကိုယ်ထက် ပိုအဆင်ပြေနေသေးသည်။

ရုတ်တရက် တံခါးဖွင့်သံကြားလိုက်ရသောအခါ ပိုင်ယွီသည် နဂိုအနေအထားအတိုင်းပြန်လဲချကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။

တံခါးပွင့်သွားပြီးနောက် အရပ်မြင့်မြင့်နှင့်လူတစ်ယောက်သည် လက်ထဲ၌ကင်မရာကိုင်ပြီး ဝင်လာလေသည်။

ထိုလူသည် စိတ်မရှည်စွာဖြင့် ကင်မရာအား ထောက်တိုင်ပေါ်တင်လိုက်ပြီးနောက် ပိုင်ယွီအား "အလှလေး ခဏစောင့်နော် နောက်ပြီးရင် မင်းရဲ့ပထမဆုံးအကြိမ်ကို ဒါနဲ့ရိုက်ထားမှာ ပြီးတော့မှ မင်းနဲ့စေ့စပ်ထားတဲ့သူဆီ ပို့ပေးလိုက်မယ် သူနဲ့လက်ထပ်မဲ့သူက အိပ်ရာထဲရောက်နှင့်ပြီးသားဆိုရင် ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်သိပ်သိချင်တာပဲ"

ထိုလူကြီးသည် ပြောပြောဆိုဆိုနှင့် အဝတ်အစားများကိုချွတ်ပစ်နေပြီး သူ၏အကြည့်တို့ကလဲ တဖြေးဖြေးညစ်ညမ်းလာသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Nơi câu chuyện tồn tại. Hãy khám phá bây giờ