Arc 3.18(2)

2.2K 288 12
                                    

unicode

အပိုင်း(၇၁) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၈.၂)

ပိုင်ယွီသည် ကုတင်ပေါ်တွင် မျက်နှာသေနှင့် ထိုင်နေသည်။ သူ့အားဖက်ထားပြီး တက်မတတ်ချက်မတတ်ငိုကြွေးနေသော ရှစ်ယွင်ယီကိုကြည့်ကာ အင်အားတစ်စက်မှမကျန်တော့သလို ခံစားနေရသည်။

သူသည်လဲ တကယ်သေချင်ခဲ့ခြင်းမဟုတ်။ အနည်းငယ်စိတ်ထိခိုက်ကာ ဤကမ္ဘာမှ ထွက်သွားချင်ရုံသာဖြစ်သည်။

သူ့ဘဝအတွက် အလွန်စိတ်မကောင်းဖြစ်နေပါသော်လဲ ရှစ်ယွင်ယီအား ထိုအကြောင်းမပြောပြနိုင်ပါပေ။

ရှစ်ယွင်ယီ၏ထိတ်လန့်နေမှုက သိသာလှသည်။

"ရှောင်ယွီ ကိုယ်မင်းကို သဘောကျတယ် မင်းတစ်ယောက်ထဲကိုပဲ သဘောကျတာပါ ရှုပ်ရှုပ်ရှက်ရှင်မိန်းမတွေလဲ မရှိရပါဘူး အခုကစပြီး ကိုယ့်ကိုမခြောက်ပါနဲ့တော့"

ရှစ်ယွင်ယီသည် ပိုင်ယွီကိုဖက်ကာ ငိုကြွေးနေဆဲဖြစ်ပြီး ငိုရလွန်းသဖြင့် အသက်ရှုမဝသလိုဖြစ်လာသည်။

ထိုအခိုက်အတန့်၌ ဗန်ပိုင်းယားဧကရာဇ်ဟူသော သူ၏ပုံရိပ်သည်လဲ ချက်ချင်းပြိုလဲသွားသည်။

နံဘေးတွင်ရှိနေသာ အိမ်တော်ထိန်းကြီးသည်ပင် ရှော့ရသွားခဲ့သည်။

သူတို့၏ဧကရာဇ်သည် လူသားတို့အပေါ် အမြဲအထင်သေးပြီး အေးစက်သောသဘာဝရှိသည်။ တစ်ဦးတစ်ယောက်ကိုမှ ကောင်းမွန်စွာဆက်ဆံခဲ့ခြင်းမရှိပေ။ အစောပိုင်းကတင် မိန်းမလှလေးများစွာနှင့် တွေ့ခဲ့ရသည့်တိုင် စိတ်ပျက်ဖွယ်တစ်စုံတစ်ရာကို မြင်ခဲ့ရသလို ဖြစ်နေသေးသည်။

ဧကရာဇ်သည် လူသားတစ်ယောက်အတွက် ယခုကဲ့သို့ငိုကြွေးနေသောနေ့မျိုး ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။

သို့သော် ကြောက်ဖို့ကောင်းသည်က ထိုငိုကြွေးခြင်းမဟုတ်ဘဲ ပိုင်ယွီအား ပြန်မကယ်တင်နိုင်ခင်က ဖြစ်နေခဲ့သော ကမ္ဘာကြီးအားဖျက်ဆီးပစ်ရန် အဆင်သင့်ဖြစ်နေသော ရှစ်ယွင်ယီ၏မျက်နှာဖြစ်သည်။

အခန်းထဲမှ လူသားဆရာဝန်များအားလုံး ရှစ်ယွင်ယီကြောင့် ထိတ်လန့်နေကြရပြီး အိမ်တော်ထိန်းကြီးသည်ပင် အသက်ရဲရဲမရှုဝံ့ပေ။

ထိုမျက်နှာထားနှင့် ရှစ်ယွင်ယီသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Wo Geschichten leben. Entdecke jetzt