Arc 2.22(1)

4K 370 1
                                    

unicode

အပိုင်း(၅၂) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၂.၁)

ပိုင်ယွီသည် သူ့ရှေ့မှလူအား ငိုကြီးချက်မနှင့် ကြည့်နေလေသည်။ သူ၏မျက်ရည်များက လီယွီဖုန်းသည် အလွန်ရက်စက်ပါသည်ဟု စွပ်စွဲနေသလိုပင်။

"ဘယ်လိုလုပ်ပြီး မင်းကတောင် ငါ့ကိုဒီလိုရက်စက်နိုင်ရတာလဲ"

လီယွီဖုန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေမိသည်။ မူလကမူ အလွန်စိတ်ရှုပ်ထွေးကာ ထိတ်လန့်နေခဲ့ခြင်းဖြစ်သည်။ ဇနီး၏သားဦးလေးမီးဖွားခြင်းက ကိစ္စကြီးဖြစ်သည်။ သို့သော် ပိုင်ယွီ၏စနက်ကြောင့် လေထု၏တင်းမာမှုက လျော့နည်းလာခဲ့သည်။

လီယွီဖုန်းသည် ပိုင်ယွီအား ကလေးတစ်ယောက်နှယ် စိတ်ရှည်လက်ရှည်နှင့် ချော့မော့လိုက်သည်။

"ကလေးလေး အခုချိန်မှာတော့ တကယ်စားလို့မရဘူးလေကွာ ဒီလိုလုပ် မီးဖွားပြီးတာနဲ့ တစ်နိုင်ငံလုံးမှာ ရှိရှိသမျှ တို့ဟူးချဉ်တွေကို ကိုယ်ဝယ်ပေးမယ် အဲ့တော့မှ စိတ်ကြိုက်စားပေါ့ ဟုတ်ပြီလား"

နံဘေးမှအစေခံသည် လီယွီဖုန်း၏စကားကြားလိုက်ရသောအခါ မျက်လုံးများပင် ပြူးကျယ်သွားရသည်။ စစ်ဦးစီးချုပ်အိမ်တော်၏ လှပသောအနာဂတ်ကို သူမြင်ယောင်ကြည့်နိုင်နေပြီဖြစ်သည်။

လွန်ခဲ့သောအခေါက် ပိုင်ယွီသည် ဇီဇဝါပန်းများကိုကြိုက်သည်ဟု ပြောခဲ့စဉ်က စစ်ဦးစီးချုပ်သည် အိမ်တော်အပြည့် ဇီဇဝါပန်းများစိုက်ရန် အားလုံးကိုအမိန့်ပေးခဲ့သည်။ ထိုဇီဇဝါပန်းများသည် တစ်ပင်နှစ်ပင်လောက်ဆိုပါက အတော်လေးမွှေးသော်လဲ အများအပြားဖြစ်လာသောအခါ အနံ့ရရုံနဲ့တင် အန်ချင်စေသည်။

ထို့ကြောင့် စစ်ဦးစီးချုပ်ထံမှ တို့ဟူးချဉ်များဝယ်ယူပေးမည်ဟု စကားထွက်ချိန်တွင် ပိုင်ယွီမီးဖွားပြီးနောက် အိမ်တော်၌ တို့ဟူးချဉ်များပြည့်နှက်နေမည့်အကြောင်းကိုတွေးကာ အစေခံအားလုံးမှာ ကြောက်လန့်သွားကြရရှာသည်။

ယခင်က ဇီဇဝါပန်းများက မွေးကြိုင်ပါသော်လဲ တို့ဟူးချဉ်များကမူ...။ တွေးမိရုံနဲ့တင် ထိတ်လန့်ရသည်။

သူတို့အရှင်စစ်ဦးစီးချုပ်၏ ချစ်ခြင်းမေတ္တာကိုဖော်ပြပုံက အလွန်အကြူးရှိလှသည်။

သို့သော် ပိုင်ယွီကမူ သတိမထားမိသေးဘဲ ဗိုက်နာနေရင်းတန်းလန်းမှ အော်ဟစ်နေဆဲပင်။

"မရဘူး အခုပဲစားမှာ မင်းသာ ငါ့ကိုမနမ်းရင် အဲ့တို့ဟူးချဉ်ကို စားပြီးလောက်ပြီ ငါ့ကိုမကျွေးရင် မင်းရဲ့ကလေးကို တို့ဟူးချဉ်လို့ နာမည်ပေးပစ်မှာနော်"

ပိုင်ယွီ၏ဆန္ဒပြမှုက လီယွီဖုန်းထံမှ ရယ်သံများထွက်လာစေခဲ့သည်။

သူ့ရဲ့အကောင်ပေါက်လေးက ဘာကြောင့်များ အရမ်းချစ်ဖို့ကောင်းရတာလဲ...။

လီယွီဖုန်းက တည်ကြည်စွာဖြင့် ဖြေကြားခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now