unicode
အပိုင်း(၇၅) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၂.၁)
ရှစ်ယွင်ယီ၏အကြည့်များထဲ၌ ဝမ်းနည်းမှုများပေါ်ခဲ့ပြီး မသိမသာ ခေါင်းငိုက်ကျသွားသည်။
ပိုင်ယွီသည် မော့ယွင်နှင့်မထွက်သွားချင်ဟုဆိုတိုင်းလဲ သူနံဘေးတွင် အမြဲအတူနေသွားမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
မော့ယွင်၏စကားလုံးများက သူ့နှလုံးသားကို တိုက်ခိုက်နေပြီး ပျော်ရွှင်နေသောစိတ်လေးပါ တစ်ဝက်လျော့သွားခဲ့သည်။
စိတ်ပျက်သွားသော ရှစ်ယွင်ယီ၏ပုံစံကို တွေ့လိုက်ရသောအခါ ပိုင်ယွီနှင့်၂ယောက်အကြား သဘောတူညီချက်ရပြီး ထွက်လာခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
သူနှင့်ထွက်မသွားချင်ဟု ပိုင်ယွီပြောခဲ့သည်က ခဏတဖြုတ်စိတ်ပြောင်းသွားခြင်းလဲ ဖြစ်နိုင်ပါသည်။ ရှစ်ယွင်ယီရှိနေကြောင်း သိလိုက်ရသောကြောင့် ကြောက်လန့်ပြီးပြောလိုက်ခြင်းလဲ ဖြစ်ပေလိမ့်မည်။
မော့ယွင်သည် တခဏမျှငြိမ်သက်သွားပြီးနောက် ရုတ်တရက်အော်ရယ်လိုက်သည်။
"ရှစ်ယွင်ယီ ပိုင်ယွီက မင်းနားမှာနေဖို့ဆန္ဒရှိမယ်လို့ ထင်နေတာလား သူက မင်းရှိနေမှန်းသိသွားလို့ ငါနဲ့လိုက်ဖို့ငြင်းတာ ဘာကြောင့်လဲဆိုတော့ သူက မင်းကိုအရမ်းကြောက်လို့ပဲ ရှစ်ယွင်ယီ ငါပြောပြပါရစေဦး မင်းကလေ အရမ်းစိတ်ညစ်ဖို့ကောင်းတာ ပိုင်ယွီကလဲ မင်းကိုအရမ်းမုန်းတီးနေတာ"
မော့ယွင်၏စကားလုံးများက စိတ်နှလုံးကိုထိခိုက်ကြေကွဲစေခဲ့ပြီး ရှစ်ယွင်ယီ၏ခန္ဓာကိုယ်သည် သာမန်မျက်စိနှင့်မြင်သာသည်အထိ ကတုန်ကရင်ဖြစ်လာလေသည်။
ပိုင်ယွီအား မေးကြည့်ချင်ပါသော်လဲ ညှာတာမှုကင်းမဲ့နေသောအဖြေမျိုးကို ကြားရမည်စိုးသဖြင့် မဝံ့ရဲပေ။
သို့သော် နောက်ထပ်၁စက္ကန့်၌ သူ့ခါးကို ပွေ့ဖက်ခံလိုက်သည်။
ရှစ်ယွင်ယီ အံ့အားသင့်သွားရသည်။
ပြောမပြနိုင်လောက်အောင် ပေါက်ကွဲထွက်လာသောခံစားချက်နှင့်အတူ သူ၏နှလုံးသားကို ညှစ်ထုတ်နေသလိုမျိုး ရင်ထဲ၌ လှိုင်းတံပိုးထန်လာခဲ့သည်။
VOCÊ ESTÁ LENDO
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasiaပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️