unicode
အပိုင်း(၂၈) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၈)
ပိုင်ယွီ၏လက်သီးက အလွန်အမင်းအားပြင်းသောကြောင့် လက်သီးတစ်ချက်ထဲနဲ့တင် ဥက္ကဌဝမ်သည် မြေကြီးပေါ်ပစ်လဲသွားသည်။
ပိုင်လင်သည် ပိုင်ယွီအား သံနန်းကြိုးနှင့်တုပ်ထားသဖြင့် ဤသို့လွတ်မြောက်လာမည်ဟု ဥက္ကဌဝမ်မထင်ထားခဲ့ချေ။
ဒီလူက ဘယ်လိုတောင်သန်မာတာလဲဟ...။
ချုပ်နှောင်ထားရာမှ လွတ်မြောက်လာသည့်တိုင် သံနန်းကြိုးများကို ရုန်းကန်လာရသဖြင့် ပိုင်ယွီ၏လက်ကောက်ဝတ်များက သွေးချင်းချင်းနီနေလေသည်။
ကြမ်းပေါ်သို့ တစက်စက်နှင့်ကျနေသော သူ၏သွေးစက်တို့က နီနီစွေးစွေးပန်းပွင့်များနှယ် ပုံပေါ်လာသည်။
ဥက္ကဌဝမ်အား လဲကျသည်အထိ တိုက်ခိုက်နိုင်သော်လဲ လက်ရှိတွင် ပိုင်ယွီ၏ခန္ဓာကိုယ်မှာ လုံးဝအားနည်းနေပြီး လက်ကောက်ဝတ်မှ နာကျင်မှုက ပြင်းထန်လှသဖြင့် မတ်မတ်ပင်မရပ်နိုင်တော့ပေ။
ဥက္ကဌဝမ်သည် သူ၏ဗိုက်ကို အုပ်ထားလေသည်။ ထိုနေရာမှ အလွန်နာကျင်နေသော်လဲ သူ၏နောက်လိုက်များရှိနေသည့်အတွက် အခွင့်သာနေဆဲပင်။
အသားတုံးကို စားရခါနီးမှ သဲထဲပြုတ်ကျသွားမည်ဟု သူမထင်ထားခဲ့ပေ။ အသက်ပင်ရှုကြပ်လာသလိုပင် ခံစားနေရသည်။
ထိုအလှလေးသည် အလွန်တရာလှပသော်လဲ တစ်ကိုယ်လုံးအား ဆူးများဖြင့်လွှမ်းခြုံထားသည်။
ဤနေ့တွင်မူ ထိုဆူးများကို ဆွဲထုတ်ပစ်၍ နူးညံ့မှုကို ရအောင်ခံစားရမည်။
"ဒီနေ့တော့ မင်းကိုညှာနေမှာ မဟုတ်ဘူးနော်"
ဥက္ကဌဝမ်သည် မြေကြီးပေါ်မှ ခဲရာခဲဆစ်ကုန်းရုန်းထကာ သူ၏နောက်လိုက်များအား အမိန့်ပေးလိုက်သည်။
"ဒီနေ့တော့ သူ့ကို သင်ခန်းစာပေးလိုက်ကြစမ်း ငါ့ပိုင်နက်ထဲမှာ သူဘယ်လောက်အကြောတင်းနိုင်မလဲ ကြည့်ကြတာပေါ့"
ဥက္ကဌဝမ်၏စကားအဆုံး၌ ထောင်ထောင်မောင်းမောင်းယောကျာ်းတို့က ပိုင်ယွီ၏အနားသို့ ချဉ်းကပ်လာသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️