unicode
အပိုင်း(၂၀) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၀)
နျဲ့လင်းယွီသည် ကုတင်ပေါ်တွင် လဲကျနေသူကိုကြည့်ကာ မပြီးဆုံးနိုင်သောဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ ရင်ထဲမှမေးခွန်းများကို အကြိမ်ရေမည်မျှအထိ မေးခဲ့မိသလဲ မသိတော့သည့်တိုင် ပိုင်ယွီမေ့လဲမသွားခင်အထိ မရပ်တန့်ခဲ့ပေ။
နျဲ့လင်းယွီ၏မျက်လုံးထဲ၌ အေးစက်စက်အငွေ့အသက်တို့သာ တည်ရှိနေပြီး ပိုင်ယွီ၏တစ်ကိုယ်လုံး၌ ဒဏ်ရာများရလာသည့်တိုင် နျဲ့လင်းယွီ၏ဒေါသများက မပျောက်ကွယ်သွားခဲ့ဘဲ ပိုပို၍သာ လောင်ကျွမ်းလာသည်။
ပိုင်ယွီ့ကို လွတ်လပ်ခွင့်လုံးဝပေး၍ မရတော့ပါပေ။ နောက်ထပ်ထွက်မသွားနိုင်တော့အောင် အားလုံးရှေ့မှ ဖုံးကွယ်ထားရမည်။
နျဲ့လင်းယွီ အံတင်းတင်းကြိတ်လိုက်သည်။ ဤနေ့မှစ၍ ပိုင်ယွီအား ဤအခန်းအပြင်သို့ ခြေတလှမ်းပင် ထွက်ခွင့်မပြုနိုင်တော့ပေ။
နျဲ့လင်းယွီသည် အဝတ်များကိုပြန်ဝတ်ကာ ကုတင်ပေါ်တွင် မေ့မြောနေသူကိုပင် ပြန်မကြည့်တော့ဘဲ အပြင်တန်းထွက်သွားသည်။
"ဘန်း"
တံခါးက ပိတ်သွားပြန်သည်။
ထိုအချိန်မှသာ ပိုင်ယွီသည် မျက်လုံးကို အသာဖွင့်ကြည့်မိသည်။ ဗီလိန်က ရက်စက်လွန်းသောကြောင့် မေ့လဲချင်ဟန်မဆောင်ပါက သေသည်အထိ အရိုက်ခံရလိမ့်မည်။
ပိုင်ယွီသည် နျဲ့လင်းယွီကြောင့်နာသွားသော သူ၏လက်ကောက်ဝတ်ကို ပွတ်သပ်နေမိသည်။
ပိုင်ယွီ၏မျက်နှာထက်၌ ကြေကွဲဖွယ်အပြုံးတစ်ခု ဖြစ်တည်နေသည်။
"ဒီအခေါက်တော့ ကိစ္စကြီးသွားပုံပဲ"
ရှောင်မီဟူသည်ပင် ငိုနေသောပိုင်ယွီကို မကြည့်ရက်တော့ပေ။
[Host, အရမ်းနာနေလား ဗီလိန်ရဲ့ရက်စက်တဲ့အသွင်က ကျွန်တော်တောင် ထိတ်လန့်သွားမိတယ်]
ထိုအရာများကို မျှော်လင့်ထားပြီးသားဖြစ်သော်လဲ ပိုင်ယွီ၏နှလုံးသားထဲ၌ မသက်မသာခံစားနေရသည်။ ဤသို့ဖြစ်လာချိန်တွင် အနည်းနှင့်အများဆိုသလို နာကျင်ခံစားရပါသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️