unicode
အပိုင်း(၉၅) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၈.၂)
ခေါင်မိုးထပ်တံခါး လော့ချခံထားရပြီးနောက် မည်သူကမှ ထပ်ဝင်လာ၍မရတော့ချေ။
ရှဲ့ကျွင်းယန်၏လက်အစုံက ပိုင်ယွီ၏ခါးထက်၌နေရာယူထားပြီး ရယ်ရယ်မောမောနှင့် နောက်ပြောင်နေသည်။
"ပြောပါဦး မင်းကိုလုယူချင်နေတဲ့သူတွေက အများကြီးဖြစ်နေတယ် ကိုယ်ဘာလုပ်သင့်လဲ မင်းကိုချုပ်နှောင်ထားသင့်လား"
ရှဲ့ကျွင်းယန်က ပြုံးပြုံး ပြုံးပြုံးနှင့်ပြောနေသော်လဲ ပိုင်ယွီကမူ ချွေးစေးများပြန်နေသည်။
တစ်စုံတစ်ယောက်မှကြားပါက ထိုစကားလုံးများကို နောက်ပြောင်နေခြင်းဟု ထင်လိမ့်မည်။ သို့သော် ပိုင်ယွီက ထိုသို့မထင်ပေ။
ဤကမ္ဘာသို့ ပထမဆုံးရောက်လာသည့်နေ့မှာတင် ရှဲ့ကျွင်းယန်ထံ၌ အလွန်အမင်းကြောက်စရာကောင်းသော ပိုင်ဆိုင်လိုစိတ်ပြင်းထန်သည့် စိတ်သဘောထားမျိုးရှိကြောင်း ရှောင်မီဟူထံမှ ကြားခဲ့ရပြီးသားဖြစ်သည်။ ထိုအကျင့်စရိုက်ကသာ အသက်ဝင်သွားမည်ဆိုလျှင် ရှဲ့ကျွင်းယန်က သူ့ကိုချုပ်နှောင်ထားပြီး အိပ်ရာပေါ်တွင် သေသည်အထိ အနှိပ်စက်ခံရလိမ့်မည်။
ဤအခိုက်အတန့်တွင် ရှဲ့ကျွင်းယန်၏ဟာသများက ပိုင်ယွီ၏နှလုံးခုန်သံများကို ကျယ်လောင်လာစေသည်။
ချက်ချင်းဆိုသလိုပင် ရှဲ့ကျွင်းယန်၏လည်ပင်းကို တွဲခိုလိုက်ပြီး ရင်ခွင်ထဲတိုးဝင်လိုက်သည်။
"လောင်ကုန်း ဘာလို့ဒီလိုစကားမျိုးတွေ ပြောရတာလဲ ငါ့နှလုံးသားထဲမှာ မင်းတစ်ယောက်ထဲရှိပြီး မင်းတစ်ယောက်ထဲကိုပဲ အမြဲတမ်းချစ်သွားမှာပါ"
ရုတ်တရက်ကြီး ပိုင်ယွီထံမှ "လောင်ကုန်း"ဟု အခေါ်ခံလိုက်ရသောအခါ ရှဲ့ကျွင်းယန်၏စိတ်ထဲ၌ အံ့အားသင့်သွားရသလို ဖော်ပြ၍ပင်မတတ်လောက်အောင်လဲ ပျော်မြူးသွားရသည်။
ယခင်ကဆိုလျှင် ထိုသို့အခေါ်အဝေါ်မျိုးကို အိပ်ရာထဲတွင်သာ ကြားရတတ်ပြီး ကျန်အချိန်များ၌ လုံးဝခေါ်လေ့မရှိပေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️