Arc 2.10(1)

4.1K 386 1
                                    

unicode

အပိုင်း(၄၀) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၀.၁)

လီယွီဖုန်းသည် ပိုင်ယွီအား ပြင်းရှစွာနမ်းရှိုက်လိုက်ပြီး သူ၏ကိုယ်တွင်းမှအင်အားများကိုလဲ မထိန်းချုပ်နိုင်တော့ပေ။ ကိုယ်ပေါ်မှ အဝတ်အစားများကလဲ ချက်ချင်းပျံ့ကြဲသွားကုန်ကြသည်။

ထိုလူသားလေးထံမှ သဘောကျသည်ဟူသော စကားလုံးက သူ့အားပျော်ရွှင်စေသည်က အံ့သြစရာပင်။

လူတစ်ယောက်ထံမှ ထုတ်လွှတ်လိုက်သော ဖယ်ရိုမုန်းတို့၏ဆွဲဆောင်မှုကို ခံလိုက်ရ၍လဲ ဖြစ်ပါလိမ့်မည်။

ထိုလူသားလေးမှာ သူ့အတွက်မွေးဖွားလာခဲ့သည်ဆိုပါလျှင် သူတို့နှစ်ဦးသည်သာ အပြန်အလှန်သက်ဆိုင်သည့်သူများဖြစ်သင့်သည်။
...

ဤသို့ဖြင့် ခန္ဓာကိုယ်နှစ်ခုမှ တွယ်ဆက်သွားရသည်။

ဖယ်ရိုမုန်းတို့ကလဲ အချင်းချင်းတွယ်ဆက်သွားကာ အခန်းထဲတွင် ပြည့်လျှံနေရုံသာမက တံခါးကြားမှပါ တိုးထွက်လာကြသည်။

အဆုံးသတ်၌ အမှတ်အသားပြုခဲ့ပြီဖြစ်သည်။

ပိုင်ယွီ၏မျက်လုံးများက ဗလာသက်သက်ဖြစ်နေပြီး အသိစိတ်လုံးဝလွတ်သွားခဲ့သည်။

ဘာတွေဖြစ်ကုန်ခဲ့ပြီး ဘယ်လောက်ကြာမြင့်ဆိုသလဲကိုပင် မသိတော့ချေ။ ဆန္ဒသမုဒ္ဒရာထဲ၌သာ အဆုံးမရှိ နစ်မြုပ်နေသည်ဟု ခံစားနေရသည်။

သူ့အရှေ့မှ တစ်ဦးတည်းသောသူကသာ သူ၏အသက်ကယ်နိုင်သော ရေတွင်မြောလာသည့်သစ်သားတစ်ချပ်ဖြစ်၍ တင်းကြပ်စွာဖက်တွယ်ထားချင်မိသည်။

ကမ်းစပ်မှ လှိုင်းတံပိုးတို့က ပိုပို၍မြင့်မားလာပြီး သူ့ရှေ့မှလူကသာ သူ၏ကယ်တင်ရှင်ဖြစ်သည်။

"သေစမ်း"

ပိုင်ယွီသည် ကွေးကွေးလေးနေကာ သူ၏ခါးကို ပွတ်နေမိသည်။ ယခင်ကမ္ဘာမှဗီလိန်သည် သူ့အား ခါးပင်မမတ်နိုင်သည်အထိ လုပ်နိုင်ခဲ့သောကြောင့် အလွန်အားကောင်းသည်ဟု ထင်ခဲ့ဖူးသည်။

သို့သော် ဤကမ္ဘာတွင် ပို၍ကြောက်ဖို့ကောင်းမည်ဟု မထင်ထားခဲ့ချေ။

estrusကာလမှာ ၇ရက်၇ညဖြစ်သည်။

ငါလူး ၇ရက်၇ညတဲ့လေ။

သန့်စင်ခန်းသွားခြင်း၊ စားသောက်ကြခြင်းမှလွဲပါက ပိုင်ယွီသည် အိပ်ရာထဲမှ လုံးဝမထခဲ့ရချေ။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now