Arc 3.19(1)

2.1K 264 0
                                    

unicode

အပိုင်း(၇၂) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၉.၁)

ရှစ်ယွင်ယီ အလွန်မှားသွားခဲ့သည်။ တကယ်ကိုမှားသွားခဲ့သည်။

ယခုအခါတွင်လဲ ရှစ်ယွင်ယီသည် ပိုင်ယွီ၏အခန်းဝ၌ရပ်နေရပြီး အထဲမဝင်ရဲပေ။ အခန်းထဲဝင်သွားသည်နှင့် ပိုင်ယွီက ခေါင်းအုံးနှင့်ရိုက်လိမ့်မည်။ ထိုအခြေအနေမျိုးဖြစ်နေသည်က ၂ရက်၃ရက်ကြာခဲ့ပြီဖြစ်သည်။

သို့သော် သူ၏ပိုင်ယွီလေးသည် အသက်ရှင်နေသေးပြီး ဒဏ်ရာမှလဲ ပြန်သက်သာလာပြီဖြစ်သည်။ အမှားလုပ်ထားမိသော်လဲ ရှစ်ယွင်ယီသည် ပျော်ရွှင်မဆုံးပေ။

သို့သော် ပျော်ရွှင်နေပါသော်လဲ ယခုပုံစံအတိုင်း အမြဲတမ်းမနေနိုင်ပါပေ။

ရှစ်ယွင်ယီသည် အလွန်စိတ်ဆင်းရဲနေပြီး သက်ပြင်းဆက်တိုက်ချနေမိသည်။ ဤရက်ပိုင်းအတွင်း အကြိမ်ရေမည်မျှအထိ သက်ပြင်းချခဲ့သည်ကိုပင် မသိတော့ပေ။

"အရှင် ဘာပြဿနာရှိလို့ပါလဲ"

အိမ်တော်ထိန်းကြီးသည် ရှစ်ယွင်ယီနံဘေးတွင်ရပ်ကာ တလေးတစားနှင့် မေးမြန်းလာသည်။

"အိမ်တော်ထိန်း မင်းရဲ့အိမ်သူကို ဝမ်းနည်းအောင်လုပ်မိပြီးရင် ပုံမှန်ဆို မင်းဘယ်လိုပြန်ချော့တတ်လဲ"

ရှစ်ယွင်ယီ အခက်တွေ့နေရခြင်းမှာ သူ့ထံတွင် ယခုကဲ့သို့ ပက်သတ်မှုမျိုးမရှိဖူးသလို လူ၂ယောက်အကြားမှ ဆက်ဆံရေးအကြောင်းကိုလဲ လုံးဝမသိ၍ဖြစ်သည်။


မည်သူ့ကိုမဆို အမိန့်ပေးသောလေသံနှင့် ပြောဆိုတတ်သော်လဲ ပိုင်ယွီအား ထိုလေသံနှင့် သွားပြောခဲ့ပါက


"ကိုယ်မင်းကို အမိန့်ပေးတယ် ကိုယ့်ကိုနောက်ထပ်စိတ်မဆိုးပါနဲ့တော့..."


ထို့နောက်တွင် ပိုင်ယွီထံမှ သေလုမြောပါး အနှိပ်စက်ခံရလိမ့်မည်။

သို့ဖြစ်၍ ဤအခြေအနေမျိုးတွင် လူသားတို့ထံမှ သင်ယူရလိမ့်မည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now