unicode
အပိုင်း(၃၀) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-ဇာတ်သိမ်း)
ပိုင်ယွီ၏မျက်ဝန်းများက မှေးမှိတ်သွားပြီဖြစ်ကာ နျဲ့လင်းယွီ၏မျက်နှာကို ထိကိုင်ထားပါသော လက်ချောင်းတို့ကလဲ ပြုတ်ကျသွားခဲ့သည်။
နျဲ့လင်းယွီသည် ထိုပုံရိပ်လေးကြောင့် တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။
"မဟုတ်ဘူး ရှောင်ယွီ မသွားရဘူး မျက်လုံးလေးဖွင့်ပြီး ကိုယ်အဆင်ပြေရဲ့လားလို့ ကြည့်ပေးပါဦး ကိုယ်တို့အခုထိ လက်မထပ်ရသေးဘူးလေ ကိုယ်တို့တွေ အတူတူနေထိုင်ကြရဦးမယ်လေ"
နျဲ့လင်းယွီ၏မျက်လုံးအိမ်ထဲမှ မျက်ရည်စက်တို့က ပိုမိုကြီးမားလာပြီး မျက်လုံးများကလဲ ရဲတွတ်လာသည်။
နျဲ့လင်းယွီသည် ပိုင်ယွီ၏လက်ကိုပြန်ဆွဲယူကာ ပါးအပ်ထားလိုက်သည်။
သူ၏မျက်ရည်စက်များနှင့် ပိုင်ယွီ၏လက်ကောက်ဝတ်မှသွေးတို့ကြောင့် သန့်ရှင်းနေသောမျက်နှာလေးက ပေပွနေလေသည်။
နျဲ့လင်းယွီ၏အမူအရာတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ပိုင်ယွီသည် အလွန်အသန့်ကြိုက်သောသူဖြစ်၍ တစ်နေ့လျှင် ကြိမ်ဖန်များစွာ မျက်နှာသစ်တတ်ပြီး သူ၏မျက်နှာအား အနည်းငယ်မျှပင် အပေအရေမခံပေ။
နျဲ့လင်းယွီသည် ပိုင်ယွီ၏မျက်နှာအား လက်ဖြင့်သုတ်ပေးနေသော်လဲ သန့်ရှင်းအောင်မလုပ်နိုင်တော့ပါသလို "ငါ့မျက်နှာကို ခရင်မ်တွေနဲ့မတို့နဲ့နော် အဲ့တာကအရမ်းညစ်ပတ်တာ"ဟူ၍ ပြောတတ်သောသူသည်လဲ ထိုသို့စကားများကို နောက်တစ်ကြိမ်ပြန်မပြောနိုင်တော့ပေ။
တစုံတယောက်က ဓားနှင့်ထိုးနေသကဲ့သို့ နျဲ့လင်းယွီသည် နာကျင်စွာအော်ဟစ်နေသည်။
သူ့နှလုံးသား၌ အပေါက်များစွာဖြစ်ကာ သွေးများပန်းထွက်နေရသကဲ့သို့ နာကျင်မှုက ကြီးမားလှသည်။ နာကျင်ရလွန်းသဖြင့် သေပင်သေလိုက်ချင်မိသည်။
ကျည်ဆန်သည် သူ့ထံဦးတည်ကာလာခဲ့ခြင်းဖြစ်ပြီး ပိုင်ယွီက သူ့အားကာကွယ်ပေးခဲ့သည်ကို နျဲ့လင်းယွီသိသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️