Arc 2.12(2)

4K 366 8
                                    

unicode

အပိုင်း(၄၂) ( ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ-၁၂.၂)

လီယွီဖုန်းသည် ပိုင်ယွီအား တင်းကျပ်စွာပွေ့ဖက်ထားပြီး အကြည့်မလွှဲနိုင်ခဲ့ပေ။

ထိုသူ၏မျက်ခုံးများက အလိုမကျစွာဖြင့် တွန့်ချိုးနေသည်။

သူ့ရင်ခွင်ထဲမှ အကောင်ပေါက်လေးသည် ဖျော့တော့နေပြီး ချောမွေ့သောအသားအရေပေါ်၌လဲ ဒဏ်ရာဒဏ်ချက်များသာရှိသည်။ အနီရောင်သွေးစက်တို့က ကြမ်းပြင်ပေါ်သို့ တစ်ချက်ချင်းစီ စီးကျနေလေသည်။ ထိုမြင်ကွင်းကိုကြည့်နေရင်းမှ လီယွီဖုန်း၏နှလုံးသားက ပြင်းထန်စွာခုန်ပေါက်လာခဲ့သည်။

ယခုအခါတွင် သူတို့နှစ်ဦးစတွေ့ချိန်ကကဲ့သို့ ချစ်စဖွယ်ပုံစံလေးက မည်သည့်သို့ရောက်သွားရပါသနည်း။ ဖြူဖျော့နေသည့်ပုံစံလေးမှာ ဤကမ္ဘာမြေပေါ်မှ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလားပင်။

ပိုင်ယွီ၏ကိုယ်လေးမှ မီးပြင်းဖိုလေးလို ပူလောင်နေသည်။ ဤသည်က ကြာပွတ်ဖြင့်အရိုက်ခံထားရသောဒဏ်ရာကို ပိုးဝင်သွားခြင်းကြောင့်သာဖြစ်သည်။

နဖူးမှ ချွေးစေးများထွက်နေပြီး မကြာခဏ မျက်မှောင်ကျုံ့နေလေသည်။

လီယွီဖုန်းသည် သူ့နှလုံးသားထဲတွင် ဤကဲ့သို့တစ်ကြိမ်မှ မနာကျင်ခဲ့ဖူးပေ။ ပိုင်ယွီ၏ယခုပုံစံလေးကို ကြည့်နေရင်းမှ သူ့အားသစ္စာဖောက်သွားခဲ့စဉ်ကထက် ပို၍နာကျင်လာရသည်။

အန်းယွီပြောသွားသော သေစကားတို့က သူ့ခေါင်းထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ သူ့စိတ်နှလုံးအား တည်ငြိမ်စေရန်အတွက် ခက်ခက်ခဲခဲအချိန်ယူလိုက်ရသည်။

သစ္စာဖောက်ခံရစဉ်ကထက် ဆုံးရှူံးရမည်ကို ကြောက်လန့်နေသောစိတ်က ပို၍ခံစားရစေသည်။ လီယွီဖုန်း ခေါင်းခါလိုက်မိသည်။

အပြန်အလှန်သိကြသည်က အချိန်တိုမျှသာရှိသေးသော်လဲ အညှာတာမဲ့စွာ သစ္စာဖောက်သွားသူအားစွန့်လွှတ်ပစ်ရန် ဤမျှအထိ တွန့်ဆုတ်မိနေသည်က အမှန်တကယ်ပင် ထူးဆန်းလှသည်။ 

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now