unicode
အပိုင်း(၅၃) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၃.၂)
ပိုင်ယွီသည် သူ့ရှေ့မှအရာအားလုံးကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ ကလေးနှင့်လီယွီဖုန်းသာမက တစ်ကမ္ဘာလုံးမှလူတိုင်း အေးခဲနေလေသည်။
ရုတ်တရက် နှလုံးသားက တင်းကြပ်သွားရသည်။
"ရှောင်မီဟူ ဘာဖြစ်တာလဲ"
"ဒီကမ္ဘာက ဘာဖြစ်သွားတာလဲ"
[Hostမှာ ကလေးရှိသွားလို့ပါ]
ရှောင်မီဟူ၏အသံက ဖြေးညှင်းစွာထွက်ပေါ်လာသည်။[Hostနဲ့ ဗီလိန်ရဲ့ကလေးက စစ်မှန်တဲ့ဖြည်တည်မှု ဖြစ်နေပါတယ် ဒီကမ္ဘာရဲ့ ဝိဉာဉ်အစိတ်အပိုင်းမဟုတ်ဘူး ဒီကမ္ဘာမှာရှိတဲ့ ဗီလိန်ရဲ့ဝိဉာဉ်စွမ်းအားဟာ ကလေးအသက်၅နှစ်အထိဘဲ ထိန်းထားနိုင်တယ် အသက်၅နှစ်ပြည့်ပြီးရင်တော့ အရာအားလုံးက အေးခဲသွားပါလိမ့်မယ်]
ပိုင်ယွီသည် ကလေးအား ဝိဉာဉ်တစ်ကောင်အဖြစ်သာ ထင်မှတ်ခဲ့သောကြောင့် ဤကမ္ဘာမှ ထွက်ခွာသွားရလျှင် ကလေးအား မခေါ်သွားနိုင်ဟု ထင်မိခဲ့သည်။ ထို့ကြောင့်လဲ ဤကမ္ဘာတွင်နေထိုင်ကာ ကလေးကြီးပြင်းလာပုံကို ကြည့်ချင်မိခဲ့သည်။ သို့သော် ကလေးက စစ်မှန်သောတည်ရှိမှုဟု မမျှော်လင့်ခဲ့မိပေ။
နှလုံးခုန်သံက ရုတ်တရက် ပြင်းထန်လာသည်။
"ဒါဆို ငါ သူ့ကိုခေါ်သွားလို့ရလား"
[Hostရဲ့တာဝန်တွေ ပြီးဆုံးသွားတိုင်း ဗီလိန်ရဲ့ ဝိဉာဉ်အစိတ်အပိုင်းတွေကို စုဆောင်းရပါလိမ့်မယ် ဗီလိန် ပြန်နိုးထလာတဲ့အခါ သူပိုင်ဆိုင်တဲ့စွမ်းအားတွေကနေ Hostရဲ့ကလေးကို ဒီကမ္ဘာကနေခေါ်သွားနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်]
ရှုပ်ထွေးနေသော်လဲ ပိုင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။
ဒီတော့ သူနဲ့ဗီလိန်ရဲ့ကလေးက အစစ်အမှန်ဖြစ်လာမှာပေါ့...။
ပိုင်ယွီ၏အကြည့်များက အေးခဲနေသော ချစ်ရသူနှင့်ကလေးထံတွင်သာ ရှိနေခဲ့သည်။
ထို့နောက် အနားသို့သွားကာ ဖက်ထားလိုက်ပြီး လီယွီဖုန်း၏နှုတ်ခမ်းကိုနမ်းကာ ကလေး၏ပါးလေးကိုလဲ နမ်းသည်။"ငါ့ကိုစောင့်နေပါ ကျိန်းသေပေါက်ပြန်လာပြီး နှစ်ယောက်စလုံးကို လာပြန်ခေါ်ပါ့မယ်..."
-
ပိုင်ယွီသည် ပင်မကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။ မြေခွေးလေးရှောင်မီဟူကမူ သူ၏အမြီးလေးကိုဝှေ့ရမ်းကာ သူ့အားကြည့်နေခဲ့သည်။
[ဒီအခေါက်မှာလဲ Hostက တာဝန်ကို အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့တာကြောင့် ရမှတ်က ၂၀၀၀၀အထိ တိုးသွားပါတယ် ဒါ့ပြင် စတိုးမှာဝယ်ယူခြင်းအတွက် လုပ်ဆောင်ချက်အသစ်တွေလဲ ပေါင်းထည့်ထားပါတယ်]
ပိုင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ မစ်ရှင်အတွင်းလဲ ဝယ်ယူ၍ရသောကြောင့် ယခုအချိန်တွင် ဝယ်ရန်မလိုသေးပေ။ မဟုတ်ပါက ဖြုန်းတီးမိသလိုဖြစ်လိမ့်မည်။
ယခင်ကမူ ပိုင်ယွီသည် မစ်ရှင်တိုင်းကို အပျော်လူပ်ကာ တာဝန်ယူလိုစိတ်မရှိသလို ကျရှုံးပါကလဲ ဘာမှမခံစားရပေ။
သို့ပါသော်လဲ ယခုအခါ အားလုံးကွဲပြားသွားပြီဖြစ်သည်။
သူသည် ဗီလိန်နှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သည်။ ထို့ကြောင့် ဗီလိန်၏ဝိဉာဉ်အစိတ်အပိုင်းများကို စုဆောင်းရမည်ဖြစ်ပြီး ဗီလိန်အားပြန်နိုးထလာစေရမည်။ သို့မှသာ သူတို့၏ကလေးကို ထိုကမ္ဘာမှ ပြန်ခေါ်ထုတ်နိုင်လိမ့်မည်။
"ရှောင်မီဟူ စကြရအောင်"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️