Arc 2.4(1)

4.4K 493 0
                                    

unicode

အပိုင်း(၃၄) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၄.၁)

"လီယွီဖုန်းရဲစာရွက်စာတမ်းတွေက အများသောအားဖြင့် သူ့စာကြည့်ခန်းထဲက ကွန်ပျူတာထဲမှာပဲ သိမ်းထားတတ်တယ် မင်းအဲ့ဒီအိမ်ကိုရောက်သွားရင် အချက်အလက်တွေကို လိုက်ရှာပြီး ငါ့ကိုဆီအီးမေးလ်နဲ့ ပို့ပေး ဒါက ဘုရင်မင်းမြတ်ရဲ့အမိန့်ဆိုတာ မမေ့လိုက်ပါနဲ့ မင်းသာကောင်းကောင်းမလုပ်ရင် ငါတို့ပိုင်အိမ်တော်တစ်ခုလုံး ဒုက္ခရောက်ရလိမ့်မယ်"

မူလဇာတ်ကောင်ပိုင်ယွီ၏ဖခင် အမတ်ပိုင်က ဤသို့နှယ်ပြောခဲ့သည်။

ပိုင်အိမ်တော်အား ဘုရင်မင်းမြတ်ပေးခဲ့သောတာဝန်က မလွယ်ကူလှပေ။ ထိုထက် လီယွီဖုန်းက မည်မျှကြောက်ဖို့ကောင်းသည်ကို လူတိုင်းသိသည်။

ပိုင်ယွီကသာ ထိုကိစ္စကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့မည်ဆိုလျှင် အတော်လေးဆန်းကျယ်နေပြီဖြစ်သည်။

ထို့ကြောင့် ပိုင်ယွီအား သေတွင်းထဲ တွန်းပို့ခဲ့သည်။

ထိုအမိန့်ကိုရရှိပြီးကတည်းက အမတ်ပိုင်သည် သူ၏အနာဂတ်ကို ကြိုမြင်ပြီးသားဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ပိုင်ယွီသည် သူ့သားအရင်းမဟုတ်ပေ။ ကိစ္စများအဆင်မပြေဖြစ်လာပါက ပိုင်ယွီကိုသာ ခေါင်းပုံချလိုက်၍ရသည်။

ဤနည်းဖြင့် သူ၏ကံဆိုးမှုအား အောင်မြင်စွာသုတ်သင်နိုင်ပြီး ပိုင်အိမ်တော်သည်လဲ အကျိုးအမြတ်များရရှိလိမ့်မည်။

အမတ်ပိုင်အတွက် အလွန်ကောင်းမွန်သော အပေးအယူသာဖြစ်သည်။

အမတ်ပိုင်သည် ပိုင်ယွီ့အပေါ် မျှော်လင့်ချက်မထားသော်လဲ ရှင်းပြစရာရှိသည်များကို ရှင်းပြလိုက်သေးသည်။

"ကောင်းပြီ ပစ္စည်းတွေထုပ်ပိုးတော့ လီယွီဖုန်းရဲ့အိမ်ကို လိုက်ပို့ပေးဖို့အတွက် လူတစ်ယောက်လွှတ်လိုက်မယ်"

"ကောင်းပါပြီ"

ပိုင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ သေတွင်းသို့သွားနေရမှန်း သိပါသော်လဲ သူ့စိတ်ထဲ၌ မျှော်လင့်ချက်ထားနေမိဆဲပင်။

သူ၏နှုတ်ခမ်းများက ယောင်ယောင်လေးကွေးနေသည်။

ဗီလိန်သာ သူ့ကိုတွေ့သွားပါလျှင် မည်သည့်အမူအယာမျိုးဖြစ်သွားမလဲ သိချင်မိသည်။ ထိုအကြောင်းကိုတွေးရသည်က အတော်လေးစိတ်ဝင်စားစရာကောင်းသည်။
-

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now