unicode
အပိုင်း(၆၉) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၆.၂)
"ငါက ဘာဖြစ်နေလို့လဲ"
ပိုင်ယွီက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
"မမြင်ဘူးလား ငါမင်းကိုဒေါသထွက်နေတာ"ပိုင်ယွီသည် ကြယ်သီးများကို တစ်လုံးချင်းပြန်တပ်နေသည်။
သူ့နှလုံးသားထဲ၌ နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
petအကောင်ပေါက်လေးတဲ့လား...မင်းမေကိုပဲ မွေးထားလိုက်။
ရဲတွတ်နေသောမျက်လုံးအစုံနှင့်ပိုင်ယွီသည် အခန်းပြင်သို့ထွက်သွားရန် ခြေလှမ်းနေခဲ့သည်။ ဤစိတ်ပျက်မှုထက် ပိုဆိုးရွားသောအရာ မရှိနိုင်တော့ပေ။
ထွက်သွားတော့မည့်ပိုင်ယွီကို တွေ့လိုက်ရသောအခါ ရှစ်ယွင်ယီ စတင်၍စိတ်ရှုပ်ထွေးလာသည်။ ထို့ကြောင့် ပိုင်ယွီ၏လက်ကို ကမန်းကတန်းဆွဲထားလိုက်သည်။
ပိုင်ယွီ၏လက်ကို ဆွဲခဲ့ပါသောထိုလက်သည် ဖယ်ထုတ်ခံလိုက်ရပါမည်ဟု အဘယ်သူက သိခဲ့ပါမည်နည်း။
"ထွက်သွား ငါ့ကိုမထိနဲ့"
"ဘာဖြစ်ရတာလဲ"ရှစ်ယွင်ယီ အနည်းငယ်စိတ်ရှုပ်လာသည်။
သူသည် ကလေးဘဝမှစ၍ ဤကဲ့သို့အဆက်ဆံမခံရခဲ့ဖူးပေ။ သူဆုံတွေ့ခဲ့သူအားလုံးက သူ့အပေါ်ရိုကျိုးကြပြီး အချိုးမပြေသူရှိလျှင်ပင် လက်သီးသုံး၍ သင်ကြားပေးနိုင်သေးသည်။ သို့သော် ပိုင်ယွီနှင့်ရင်ဆိုင်ရချိန်တွင်မူ ရှစ်ယွင်ယီသည် ပထမဆုံးအကြိမ်အဖြစ် ခြေမကိုင်မိလက်မကိုင်မိဖြစ်ရတော့သည်။ထိုလူသားလေးမှာ အလွန်နုနယ်လွန်းသဖြင့် ရိုက်နှက်ရန်မဆိုထားဘိ ထိမိရုံနဲ့တင် ကျိုးပဲ့သွားမည်ကို ကြောက်ရွံ့မိသည်။
ရန်မဖြစ်ချင်၍ သည်းခံခဲ့ပါသော်လဲ တကယ်ထွက်သွားတော့မည့် ပိုင်ယွီကိုတွေ့လိုက်ရသောအခါ ရှစ်ယွင်ယီ စတင်ပြီးစိတ်မရှည်ဖြစ်လာသည်။ထို့ကြောင့် ပိုင်ယွီအား အော်ငေါက်လိုက်သည်။
"ပိုင်ယွီ မင်းငါ့ကို ဘာကတိပေးထားလဲဆိုတာ မမေ့လိုက်နဲ့ဦး ငါ့ဘေးနားမှာ petတစ်ကောင်လို တစ်သက်လုံးနေပြီး ဘယ်ကိုမှမထွက်သွားပါဘူးလို့ ပြောခဲ့တယ်မလား မင်းဘယ်လိုပြောထားလဲ ပြန်မတွက်ကြည့်တော့ဘူးလား"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️