unicode
အပိုင်း(၅၉) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၆.၂)
သူ့စိတ်ထဲ၌ ပိုင်ယွီအား ပေးခဲ့သောကတိများကိုဟသတိရလာသည်။ တစ်ခါက ပိုင်ယွီအား ဘယ်တော့မှထွက်မသွားပါဟု ကတိပေးခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူ့လက်နှင့် သတ်မိလုလုပင်။
ပိုင်ယွီ၏နှလုံးသားက ဖြေးညှင်းစွာခုန်နေဆဲဖြစ်သော်လဲ နောက်ဆုံးကန့်သတ်ချက်ကို ကျော်လွန်သွားသည့်ပုံပင်။ သွေးအများအပြားဆုံးရှုံးမှုက ပိုင်ယွီ၏အသိစိတ်များကို ပျောက်ဆုံးစေသည်။
ထိုထက်အနည်းငယ်သော သွေးပမာဏကိုသာ ဆက်ဆုံးရှုံးသည်နှင့် သူသည် ဤကမ္ဘာကြီးမှ ပျောက်ကွယ်သွားပေလိမ့်မည်။
ရှစ်ယွင်ယီသည် မျက်မှောင်ကျုံ့၍ ပိုင်ယွီအား ပွေ့ဖက်ထားမိသည်။
သူ့နှလုံးသားမှာ ရှင်းမပြနိုင်လောက်အောင် ရှုပ်ထွေးနေသည်။ သူ့ရှေ့မှလူသားသည်လဲ အားအင်များကုန်ခမ်းကာ လက်လေးတစ်ချောင်းလှုပ်လိုက်ရုံနှင့်တင် ချက်ချင်းသေဆုံးသွားနိုင်သည်။သို့သော် ရှစ်ယွင်ယီသည် ဘာမှဆက်မလုပ်နိုင်တော့ပေ။
ဤအခေါက်တွင်မူ သူဘာမှမလုပ်နိုင်တော့ကြောင်း ဝန်ခံပါသည်။
မော့ယွင်၏စကားများက မှန်နေခဲ့သည်။
သူ့ရှေ့မှလူကိုပင် သူ့လက်နှင့် မသတ်နိုင်တော့ပေ။
ရှစ်ယွင်ယီသည် ပိုင်ယွီအား မြေကြီးပေါ်ချလိုက်သည်။
ပိုင်ယွီအား မလှုပ်မယှက် ကြည့်နေမိပြီး ပထမဆုံးအကြိမ်အနေနှင့် စည်းကမ်းဖောက်မိခဲ့ခြင်းပင်။ သို့သော် သူလုပ်နိုင်သည်က ဘာမှမရှိပါပေ။ အသေမသတ်နိုင်ကတည်းက မေ့ပစ်လိုက်ရပေတော့မည်။ ထိုသူမှာ လူသားတစ်ယောက်ဖြစ်သည်။
အကယ်၍ ပိုင်ယွီသည် ထိုအချိန်က အဓိပ္ပါယ်မရှိသောကိစ္စများအား လိုက်ပြောလျှင်ပင် မည်သူကမှ ယုံကြည်လိမ့်မည်မဟုတ်။ ဤနေ့တွင် သူ့နှလုံးသားက အလွန်နူးညံ့နေသောကြောင့် သွားခွင့်ပြုလိုက်တော့မည်။
တစ်ယောက်နဲ့တစ်ယောက် နောက်ထပ်ဘယ်တော့မှ မတွေ့ကြရအောင်...။
ရှစ်ယွင်ယီသည် သူ၏စိတ်ကိုပြင်ဆင်ပြီးနောက် မျက်နှာလွှဲကာ ပိုင်ယွီအားကြည့်နေခြင်းကို ရပ်တန့်လိုက်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️