Arc 1.5

5.9K 604 2
                                    

Unicode

အပိုင်း(၅) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၅)

ရှောင်မီဟူသည် စိတ်လှုပ်ရှားနေသော ပိုင်ယွီကိုကြည့်ပြီး သတိပေးလိုက်သည်။

[Hostရေ OOCဖြစ်နေပါတယ်နော်]

"OOCကဘာလဲ"

[ဇာတ်ကောင်စရိုက်ပြိုကွဲမှုပါ မူလဇာတ်ကောင်က နူးညံ့တဲ့ ကြာပန်းဖြူလေးဆိုတာ သိသာပေမဲ့ Hostက သူ့ကို အလိုကြီးတဲ့သူဖြစ်အောင်လုပ်ပစ်လိုက်တာကိုး]

"OOCက နှစ်သက်မှုကို တိုးစေမှာလား"

[ဟင့်အင်း]

နျဲ့လင်းယွီအား မြူစွယ်နေရသောကြောင့် OOCဖြစ်မဖြစ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။

"ဒါဆိုလဲ ပြိုကွဲခံလိုက်ပေါ့ ငါ့အလုပ်မှမဟုတ်ဘဲ"

[ဒါပေမဲ့ Hostက OOCဆက်ဖြစ်နေမယ်ဆို ကြီးမားတဲ့အပြစ်ဒဏ်ကို ခံရမှာပါ] ရှောင်မီဟူသည် ပိုင်ယွီအား လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။

ပြစ်ဒဏ်၏လေးနက်မှုကို ဖော်ပြနိုင်ရန်အတွက် ရှောင်မီဟူက [တကယ့်ကို ပြင်းထန်တာနော် နောက်မှနောင်တမရပါနဲ့]

နျဲ့လင်းယွီ၏ကိုယ်ခန္ဓာအား ပွတ်သပ်နေသေးသည့်ပိုင်ယွီသည် အပြစ်ဒဏ်ကြောင့် စိုးရိမ်သွားရသည်။

"ဘာအပြစ်ဒဏ်လဲ"

အလွန်အမင်းအေးစက်နေသော ရယ်သံကြီးက ရှောင်မီဟူထံမှ ထွက်လာလေသည်။ [တစ်သက်လုံး မကြုံဖူးတာမျိုးပဲ]

ထိတ်လန့်မှုကြောင့် ပိုင်ယွီ၏မျက်နှာသည်ပင် ပြောင်းလဲသွားရသည်။

"သေစမ်း တကယ်ကြောက်ဖို့ကောင်းတာလား အရမ်းဆိုးရွားတာပဲ"

သူ့ရှေ့တွင်သာ နျဲ့လင်းယွီရှိမနေပါက အော်ငိုပြီးလောက်နေပြီဖြစ်သည်။ ရုတ်တရက် မျက်ရည်လည်ရွှဲဖြစ်သွားရသည်။ ဒါက ကမ္ဘာပေါ်မှာ ကြောက်ဖို့အကောင်းဆုံးအပြစ်ဒဏ်ပဲ...။

နူးညံ့ပြီး အပြစ်အနာအဆာကင်းတဲ့ သူ့မျက်နှာပေါ်မှာ တင်းတိပ်၅ခုပေါ်လာခြင်းက အသတ်ခံရတာထက် ပိုကြောက်စရာကောင်းသည်။

ပိုင်ယွီက တင်းကြပ်စွာဖက်လာသောကြောင့် နျဲ့လင်းယွီ၏လက်များပင် ပြေလျော့သွားသည်။

တကယ်တမ်းတွင် နျဲ့လင်းယွီအား အနိုင်ယူလိုက်ချင်သော်လဲ လက်ရှိတွင်မူ သနားသဖွယ် အားငယ်သည့်ပုံအား ပြသရပေလိမ့်မည်။

မျက်ရည်စများနှင့် ပိုင်ယွီအားကြည့်၍ နျဲ့လင်းယွီ၏နှလုံးသားက နူးညံ့လာသည်။

သူ၏အရှေ့မှ အရသာရှိသောကောင်လေးကိုစားရန် မအောင့်နိုင်တော့သော်လဲ ထိုအရာလေးကို ထိလိုက်လျှင်ပင် ကျိုးပဲ့သွားမည်ကို စိုးရိမ်မိသည်။

နျဲ့လင်းယွီသည် ပိုင်ယွီ၏မျက်ရည်စများကို သူ၏လက်ဖြင့် သုတ်ပေးလိုက်ပြီးနောက် နှုတ်ခမ်းဖျားလေးအား ခပ်ဖွဖွအနမ်းခြွေလိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now