unicode
အပိုင်း(၈၀) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၃.၁)
ပိုင်ယွီက နှုတ်ခမ်းကိုကိုက်ထားပြီး ပေါ့ပေါ့ပါးပါးနှင့်ပြောလာသည်။
"အဲ့တာတွေက ဖြစ်နေကျပဲမဟုတ်ဘူးလား"
ရှဲ့ကျွင်းယန် အတော်ကြာသည်အထိ ဆွံ့အနေပြီး ဘာမှပြန်မပြောနိုင်ခဲ့ချေ။
ထိုနေ့က ပိုင်ယွီကို လူတစ်အုပ်ကဆွဲထုတ်သွားပြီး ဝိုင်းရိုက်နေကြသဖြင့် ဒဏ်ရာရသွားနိုင်သည်ဟု တစ်ယောက်ယောက်က အပြေးလာပြောခဲ့သည်။ သို့သော် သူလုံးဝအာရုံမစိုက်ခဲ့ပေ။
'ဒီဒဏ်ရာတွေက အဲ့တုန်းကရခဲ့တာတွေလား'
တကယ်တမ်းတွင်မူ ဤတစ်ကြိမ်သာမဟုတ်ဘဲ ပိုင်ယွီကျောင်းစတက်ချိန်မှစ၍ ထိုကျောင်းသားများ၏ ခဏခဏခေါ်ထုတ်ခြင်းကိုခံရပြီး အရိုက်ခံရသည်ကို ရှဲ့ကျွင်းယန်သိသည်။
သူသတိမထားမိခဲ့သောအချိန်များတွင် မည်မျှအထိဒဏ်ရာရခဲ့မည်ကို သူမသိပါပေ။ ထိုကောင်လေးကအနိုင်ကျင့်ခံနေရသည်ကို သိထားပါသော်လဲ ဘယ်သောအခါမှအာရုံမစိုက်ခဲ့ပေ။ထိုကျောင်းသားများသည် ဤမျှအထိ ရက်စက်ကြမ်းတမ်းမည်ဟု မထင်ထားမိခဲ့ချေ။
ဤအခေါက်၌ ပိုင်ယွီသည် များစွာအရိုက်ခံထားရသောကြောင့် ဖျားနာကာအိမ်၌ ရက်ရှည်နားနေရပြီး ကျောင်းပင်မတက်နိုင်ပေ။ ထိုကောင်လေးတွင် ဂရုစိုက်ပေးမည့်သူလဲ တစ်ယောက်မှမရှိချေ။ ဤရက်များတွင် မည်သို့တောင့်ခံခဲ့ပါသနည်း။ ရှဲ့ကျွင်းယန်၏နှလုံးသားထဲ၌ သူ့ကိုယ်သူအပြစ်တင်စိတ်များသာ ပြည့်နှက်နေသည်။
သူ့အနေနှင့် ပိုင်ယွီကို တစ်ယောက်ထဲ ထပ်မထားသင့်တော့ပေ။ ပိုင်ယွီအား ယခုကဲ့သို့ ထပ်ပြီးထိခိုက်နာကျင်ရအောင်လဲ ခွင့်ပြုနိုင်တော့မည်မဟုတ်ပေ။
ရှဲ့ကျွင်းယန်သည် သွားတို့ကိုတင်းတင်းစေ့ထားသလို သူ၏အကြည့်တို့ကလဲ အလွန်ခိုင်မာတည်ကြည်နေခဲ့သည်။
"ပိုင်ယွီ...အနာဂတ်မှာ ဒီလိုမျိုး ထပ်မဖြစ်စေရတော့ပါဘူး"
သူ၏လက်ရှိခံစားချက်ကို မည်သို့ဖော်ပြရမည်ကိုပင် ရှဲ့ကျွင်းယန်မသိတော့ပေ။
သူမုန်းသောလူက အနိုင့်ကျင့်ခံရသည်။ အတိတ်နေ့ရက်များတွင် ထိုကိစ္စမျိုးကို လုံးဝဂရုစိုက်မည်မဟုတ်ပေ။
သို့ပါသော်လဲ ယခုအခါတွင်မူ သူ့နှလုံးသားက ဆိုးရွားစွာနာကျင်နေရသည်။ နှလုံးသားတစ်ခုလုံး၌ အပြစ်ရှိစိတ်တို့ ပြည့်နှက်နေသည်။ ပိုင်ယွီ၏ဒဏ်ရာများက သူ့ကြောင့်ရခဲ့ခြင်းဖြစ်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️