unicode
အပိုင်း(၃၈) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၈.၁)
လီယွီဖုန်းသည် မျက်စိကိုအသာမှေးစင်းလိုက်ပြီးနောက် ပိုင်ယွီ၏ကိုယ်ပေါ်တွင်ရှိနေသော တစ်ထည်တည်းသောဘောင်းဘီအား ချွတ်ပေးလိုက်ပြီး ခန္ဓာကိုယ်၏မူမမှန်မှုအားခုခံနိုင်ရန် ရေချိုးခန်းဆီသို့ ပွေ့ချီသွားလေသည်။
ရေနွေးများက ဦးခေါင်းထိပ်ရှိရေပန်းမှထွက်လာပြီး အခန်းထဲရှိ ရေနွေးငွေ့များက ဝေဝေဝါးဝါး အနေအထားတစ်ခုကို ဖြစ်ပေါ်လာစေသည်။
သူ၏ရှေ့မှမြင်ကွင်းက မည်သည့်အယ်လ်ဖာကိုမဆို ရူးသွပ်သွားစေနိုင်သည်။
ပိုင်ယွီ၏ကိုယ်မှထွက်နေသော ဖယ်ရိုမုန်း၏ရနံ့နှင့် ပေါင်းစပ်လိုက်သောအခါ အသန်မာဆုံးအယ်ဖာဖြစ်သူ လီယွီဖုန်းကိုပင် ပြင်းထန်စွာသက်ရောက်စေသည်။လီယွီဖုန်း၏လည်ဇလုတ်မှာ အထက်အောက် ပြင်းထန်စွာလှုပ်ရှားနေပြီး အသက်ရှုသံများကလဲ မြန်ဆန်လာသည်။
မသိစိတ်ကြောင့် ပိုင်ယွီ၏ခန္ဓာကိုယ်အား ထိတွေ့နေမိပြီး ကျောက်သလင်းနှယ်အသားအရေအား လက်ချောင်းများဖြင့်ထိလိုက်ရုံဖြင့်ပင် သူ၏မျက်လုံးအစုံက နက်မှောင်လာသည်။
လီယွီဖုန်းထံမှ သြရှရှအသံတစ်သံထွက်လာပြီး"ကိုယ် သန့်ရှင်းပေးမယ်"
"ငါမလိုချင်ဘူး"ပိုင်ယွီ၏မျက်လုံးများက ရဲတွတ်နေပြီး သူ့ရှေ့မှလူအား ဝေးရာသို့တွန်းပို့ရန် ကြိုးပမ်းနေသည်။
သို့သော်heatဖြစ်နေသောကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ စမ်းရေအိုင်လေးသဖွယ် ပျော့ပြောင်းနေပါသောကြောင့် လီယွီဖုန်းကိုပင် မတွန်းထုတ်နိုင်ပေ။ခန္ဓာကိုယ်အတွင်းမှ လှိုက်တက်လာပါသော မထိန်းချုပ်နိုင်တော့သည့် အလိုရမ္မက်များအား ကြံ့ကြံ့ခိုင်ရင်ဆိုင်နေသောပိုင်ယွီသည် လီယွီဖုန်းအား အော်ထုတ်နေလေသည်။
"မင်း...မင်းထွက်သွား ငါ့ဘာသာ လုပ်မယ်"
ပိုင်ယွီသည် သူ့ခန္ဓာကိုယ်၌ ဖြစ်ပျက်နေသမျှတို့အား မသိသေးပေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းချုပ်မှုမှလွတ်ထွက်သွားပြီး နွေဦးဆေးအား စားထားရသကဲ့သို့ ဖြစ်နေရာမှ ယခုအခါတွင် ပို၍ဆိုးရွားလာခဲ့ပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေလေသည်။
ဖိအားတို့မှလွတ်မြောက်ရန် အမှတ်အကုန်သုံး၍ဝယ်ထားပါသော itemသည်လဲ ယခုအခါတွင် အသုံးမဝင်တော့ပေ။ သူ့ရှေ့မှအမျိုးသား၏ဖယ်ရိုမုန်းများက သူ့အားဖိနှိပ်၍ ဆွဲခေါ်နေသည်။
ပိုင်ယွီ၏ပါးပြင်တို့က ကြက်သွေးရောင်သန်းနေပြီး သူ၏မျက်လုံးများရှေ့၌ မြူမှုန်တစ်လွှာ ကာရံထားသကဲ့သို့ ဝေဝေဝါးဝါးဖြစ်လာလေသည်။
ထိတွေ့လိုစိတ် ပွေ့ဖက်လိုစိတ်တို့က သူ့ခန္ဓာကိုယ်အနှံ့ရှိ ဆဲလ်များထံမှ ပေါ်ပေါက်လာသည်။
သို့ပါသော်လဲ လီယွီဖုန်းအား ထိတွေ့ခွင့်မပြုနိုင်ပေ။
ပိုင်ယွီကငိုကြွေးနေပြီး "မင်း...မင်း ထွက်သွားပေးစမ်းပါ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️