unicode
အပိုင်း(၈၈) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၁.၂)
"ပိုင်ယွီ မင်းလဲကိုယ့်ကိုကြိုက်တယ်မဟုတ်လား"
ရှဲ့ကျွင်းယန်သည် ပိုင်ယွီ၏တစ်ကိုယ်လုံးကို အုပ်မိုးထားပြီး စူးစိုက်ကြည့်နေလေသည်။ ၂ဦးသားက အလွန်အမင်းညစ်ညမ်းသောအနေအထားဆီ ရောက်နေပြီဖြစ်သော်လဲ ရှဲ့ကျွင်းယန်က အလေးအနက်မေးမြန်းနေဆဲပင်။
လေအေးများတိုက်ခတ်လာချိန်တွင် ပိုင်ယွီ၏ခန္ဓာကိုယ်လေးမှာ မသိမသာတုန်ရင်လာခဲ့သည်။ ထိုအချိန်တွင် သူ့ရှေ့မှလူကို မဖက်ထားဘဲ မနေနိုင်တော့ပေ။
"ငါမင်းကိုကြိုက်ပါတယ် ရှဲ့ကျွင်းယန်"
ပိုင်ယွီ၏အသက်ရှုသံတို့က အနည်းငယ်မြန်ဆန်လာသည်။ ယခုအချိန်တွင် သူသည် အဝတ်ဗလာဖြစ်နေပြီး ရှဲ့ကျွင်းယန်ကလဲ အပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်နေသည်။ ထူးဆန်းလွန်းသောရှက်ရွံမှုက သူ၏မျက်နှာကို ရဲတွတ်နေစေခဲ့သည်။
"ကိုယ်လဲမင်းကို သဘောကျပါတယ်"
ရှဲ့ကျွင်းယန်က ခေါင်းငုံ့၍ ပိုင်ယွီအား ငြင်သာစွာနမ်းရှိုက်ပြီးနောက် အနမ်းတို့က လည်တိုင်အောက်ဆင်းလာသလို သူ၏လက်ချောင်းများကလဲ ခန္ဓာကိုယ်နေရာအနှံ့ လျှပ်ပြေးနေမိသည်။
ပိုင်ယွီသည် နိုးဆွခံနေရသောကြောင့် ခန္ဓာကိုယ်က တုံ့ပြန်နေပြီး တစ်စုံတစ်ရာကို ချက်ချင်းပြုလုပ်ရန် ဆန္ဒရှိနေခဲ့သည်။ သို့သော် ဤကမ္ဘာမှဗီလိန်သည် ယခင်ကမ္ဘာများမှဗီလိန်ထက် များစွာခံနိုင်ရည်ရှိပုံပင်။
ကြာမြင့်စွာနမ်းရှိုက်ထားပြီး သူ၏အဝတ်များကို အကုန်ချွတ်ထားပစ်သည့်တိုင် ဗီလိန်၏အဝတ်များက အရာမယွင်းသေးပေ။
စိတ်မရှည်တော့သော ပိုင်ယွီသည် ရှဲ့ကျွင်းယန်ထံ လက်လှမ်းလိုက်သည်။ သို့သော် အဝတ်များကို ထိမိသွားချိန်၌ သူ၏လက်တို့က ဖမ်းဆုပ်ခံလိုက်ရသည်။
"ရှောင်ယွီ အကယ်၍သာ မင်းရဲ့မျက်နှာလေးကို လူတွေကိုမြင်ခွင့်မပေးရင် ကိုယ့်ကိုအပြစ်တင်မှာလား"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️