unicode
အပိုင်း(၇၉) (ကျောင်းမြက်လေးတဖြစ်လဲငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂.၁)
"ရှဲ့ကျွင်းယန် ပိုင်ယွီက တစ်ပတ်ခွင့်ယူသွားတယ်လို့ကြားတယ် ဘာကြောင့်လဲမင်းသိလား"
ရှဲ့ကျွင်းယန်သည် ခေါင်းငုံ့၍ ပုံနှိပ်စာအုပ်ကိုကြည့်နေသည်။ စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်၏စကားကို ကြားလိုက်ရသောအခါ စကားပြန်မပြောမီ လက်ထဲတွင်လှည့်နေသောဘောပင်ကို ခဏရပ်လိုက်သည်။
နံဘေးတွင်ရှိနေသော ကောင်လေးတစ်ယောက်က ဝင်ပြောလာသည်။
"မနေ့တုန်းက လူတစ်အုပ်က ပိုင်ယွီ့ကိုဆွဲထုတ်သွားပြီး ရိုက်နှက်နေကြတာကို ငါတွေ့လိုက်တယ် ဘယ်လိုလုပ် ဒဏ်ရာမရသွားဘဲနေမှာလဲ ဒါကြောင့် ကျောင်းမလာချင်တော့လို့ အိမ်မှာပဲအနားယူနေတာဖြစ်မှာ"
"မဖြစ်နိုင်တာ ပိုင်ယွီက ရှဲ့ကျွင်းယန်ကိုနှောင့်ယှက်ဖို့ဆို ဘယ်လောက်စိတ်အားထက်သန်သလဲဆိုတာ မင်းမသိဘူးလား ဒဏ်ရာရထားရင်တောင် ကျောင်းမလာဘဲမနေဘူး တွားသွားရမယ်ဆိုရင်တောင် အရောက်လာမှာ"
ထိုကျောင်းသား၏စကားအဆုံး၌ နံဘေးမှလူအုပ်ကြီးထံမှ ရယ်သံများပေါက်ကွဲထွက်လာသည်။
သူတို့၏အမြင်တွင်မူ ပိုင်ယွီသည် ငန်းသားစားချင်သော ဖားပြုပ်တစ်ကောင်ဖြစ်သည်။
ဒဏ်ရာရသွားလျှင်ပင် သူ့ကိုယ်သူသာ အပြစ်တင်ရမည်ဖြစ်ပြီး မည်သူကမှ သနားမည်မဟုတ်ပေ။ ပိုင်ယွီ၏ထိုသတင်းအကြောင်းပြောရသည်က အလွန်ကျေနပ်ဖွယ်ကောင်းလှသည်။
"ရှဲ့ကျွင်းယန် မင်းတော့အခုပျော်နေမှာပဲ ညနေကျရင် နှောင့်ယှက်မဲ့ပိုင်ယွီက မရှိဘူးမှတ်လား"
ကောင်လေးတစ်ယောက်က ရှဲ့ကျွင်းယန်၏ကိုယ်ကို လှမ်းရိုက်လိုက်ပြီး
"ဘာကြောင့်များ ပိုင်ယွီက အရမ်းစိတ်ပျက်စရာကောင်းတာလဲမသိဘူး ငါဆိုလဲ သူနဲ့အတူ မသွားချင်ဘူး မှန်ကိုကြည့်ပြီး ရုပ်ဆိုးတဲ့မျက်နှာကိုတွေ့တာနဲ့ ရှေ့ဆံပင်ကို အရှည်ကြီးချတော့တာပဲ ငါ့အထင် သူ့ဆံပင်ကိုလှန်တင်လိုက်ရင် သူ့မျက်နှာက လူတွေလန့်သေလောက်တဲ့အထိ ကြောက်စရာကောင်းလို့ဖြစ်မယ်"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️