unicode
အပိုင်း(၄၃) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၃.၂)
လီယွီဖုန်း၏စကားကို ကြားလိုက်ရသောအခါ မော့ဖန် မျက်လုံးပြူးသွားရသည်။
"လီယွီဖုန်း လာမနောက်နေနဲ့ ဒီအလှလေးကို မင်းပဲမလိုချင်တော့တာလေ"
ပိုင်ယွီသည် ဘုရင်မင်းမြတ်၏သူလျှိုဖြစ်ကြောင်း အန်းယွီပြောပြခဲ့သည်။
လီယွီဖုန်းသည် ပိုင်ယွီအား ရှင်းပစ်ရမည့်အကြောင်း ခေါင်းစားနေသဖြင့် သူကစိတ်ကောင်းထား၍ ဖြေရှင်းပေးလိုက်ခြင်းဖြစ်သည်။
ယခုအခါတွင်မူ စေ့စပ်ထားသည်ဟုဆိုကာ အလှလေးကို ပြန်ဆွဲခေါ်နေပြန်သည်။
မော့ဖန်၏မျက်နှာက အနည်းငယ်မျှအကျည်းတန်လာသည်။ဒီကောင် အတော်လေးလွန်နေတာမဟုတ်ဘူးလား။
ပိုင်ယွီသည် လီယွီဖုန်းနှင့်စေ့စပ်ထားသည်ကို သိပါသော်လဲ လီယွီဖုန်းက ထိုအလှလေးကို စွန့်ပစ်ခဲ့ပြီးသားဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူ့အားပေးလိုက်ရန် ငြင်းဆန်နေပြန်သည်။
ဘာအဓိပ္ပါယ်လဲဟ။
မော့ဖန် အနည်းငယ်မျှ စိတ်ရှုပ်သွားရသည်။
"ဒီအလှလေးကလဲ ငါနဲ့လိုက်ဖို့ သဘောတူထားတယ်လေ အလှလေး မင်းရောအဲ့လိုမထင်ဘူးလား"
ပိုင်ယွီသည် အပြုံးလေးနှင့် ခေါင်းငြိမ့်ပြလိုက်ပြီး " ထင်ပါတယ်"
လီယွီဖုန်း၏မျက်လုံးများက ရုတ်ချည်းဆိုသလို ကျဉ်းမြောင်းသွားရသည်။
ပိုင်ယွီ၏အပြုံးမှာ နူးညံ့၍ချစ်စရာကောင်းသော်လဲ လီယွီဖုန်း၏မျက်လုံးထဲ၌ အလွန်အမင်းစိတ်ပျက်စရာကောင်းလှသည်။
ပိုင်ယွီက မော့ဖန်းနဲ့အတူ တကယ်ကြီးလိုက်သွားချင်တာလဲ။ ပြုံးတောင်ပြုံးပြလိုက်သေးတာ။ အရမ်းကို သေသေသပ်သပ် လှလှပပနဲ့လေ။လီယွီဖုန်းသည် လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး ပိုင်ယွီအားပြန်ဆွဲယူကာ သူ၏နောက်ကျောဖက်တွင်ပို့၍ လုံးဝမမြင်ရတော့အောင် သူ့ကိုယ်လုံးနှင့်ပါ ကွယ်ထားလိုက်သည်။
ထို့နောက် မော့ဖန်အား "ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တို့ရဲ့ထိမ်းမြားမှုကို ဘုရင်မင်းမြတ်ကိုယ်တိုင် စီမံပေးခဲ့တာပါ ဒါကြောင့် ပြဿနာတစ်စုံတစ်ရာရှိရင် သူ့ဆီပဲသွားလိုက်ပါ ကျွန်တော်သိသလောက်ဆို မင်းသားက အခုပြန်တော့မှာမဟုတ်လား ကျွန်တော့်မှာ လုပ်စရာရှိနေသေးတာမို့ လိုက်မပို့တော့ပါဘူး"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️