unicode
အပိုင်း(၈၈) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၁.၁)
ရှဲ့ကျွင်းယန်က တည်ငြိမ်စွာပြောလာခဲ့သည်။
"ကိုယ်ရူးနေလား မရူးဘူးလားဆိုတာ မင်းမသိဘူးလား"
ထိုစကားအဆုံးတွင် အောက်ဘက်၌ ဆူဆူပူပူထပ်ဖြစ်ကြပြန်သည်။ ထို၂ယောက်သည် အားလုံး၏ရှေ့၌ သူတို့၏ဆက်ဆံရေးကို လူသိရှင်ကြားထုတ်ပြောရုံသာမက ခွေးစာကျွေးကာနှိပ်စက်ရန်ပင် ပြင်ဆင်နေကြသည်။
ခဏအကြာတွင် တီးတိုးသံများမရှိတော့ပေ။ စတိတ်ပေါ်မှ အတန်းပိုင်ဆရာသည် အလွန်အမင်းမျက်စိပျက်မျက်နှာပျက်ဖြစ်နေသည်။ ရှဲ့ကျွင်းယန်သည် ထိုမျှရူးသွပ်နေမည်ဟု မထင်ခဲ့ပေ။ အတန်းချိန်မှာတင် ရယ်စရာကောင်းသောကိစ္စကို ပြုလုပ်ရဲသည်။ ဖခင်ဖြစ်သူက ကျောင်းဒါရိုက်တာဖြစ်သော်လဲ ဤမျှအထိ မလေးမစားပြုမူ၍မရပါချေ။
အတန်းပိုင်ဆရာသည် တွေးမိလေလေ ပို၍ဒေါသထွက်လေဖြစ်လာပြီး အားလုံးကိုအော်ငေါက်လိုက်သည်။
"တိတ်စမ်း တိတ်စမ်း အားလုံးတိတ်ကြစမ်း"
ထို့နောက် ရှဲ့ကျွင်းယန်နှင့်ပိုင်ယွီကို လက်ညှိုးထိုးလိုက်ပြီး "မင်းတို့၂ယောက် အပြင်ထွက်လာခဲ့"
အတန်းပြင်သို့ အတူထွက်သွားသော ထို၂ယောက်ကိုကြည့်ကာ စုန့်ယွီ၏ရင်ထဲ၌ အလွန်အမင်းမသက်မသာ ခံစားလာရသည်။
လွန်ခဲ့သောရက်အနည်းငယ်ကပင် ရှဲ့ကျွင်းယန်သည် ပိုင်ယွီကိုအဖက်မလုပ်ရာက ချက်ချင်းပြောင်းလဲသွားသည်မှာ လူပြောင်းလိုက်သလိုပင်။
ရှဲ့ကျွင်းယန်သည်လဲ သူ့လိုမျိုးပင် မျက်မှန်မတပ်ထားသောပိုင်ယွီကို တွေ့သွားပြီး ဆွဲဆောင်ခံလိုက်ရသည်ဟု စုန့်ယွီ ကောက်ချက်ချလိုက်သည်။ သို့သော် ရှဲ့ကျွင်းယန်က အလွန်လက်မြန်သောကြောင့်သာ ပိုင်ယွီကိုအရင်ဖမ်းမိသွားခြင်းဖြစ်လိမ့်မည်။
ထို့ပြင်ပိုင်ယွီသည် ရှဲ့ကျွင်းယန်ကို အရင်ကြိုက်ခဲ့ခြင်းဖြစ်၍ ၂ဦးသားတွဲနေကြခြင်းက ယုတ္တိတန်ပါသည်။ အကယ်၍ သူသည်လဲ ပိုင်ယွီ၏ပုံစံအမှန်ကို မတွေ့ဖူးလျှင် အတန်းထဲမှလူများကဲ့သို့ တုံ့ပြန်လိမ့်မည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️