Arc 3.12(2)

2.5K 301 1
                                    

unicode

အပိုင်း(၆၅) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၂.၂)

မော့ယွင်၏လက်ချောင်းတို့က ပိုင်ယွီ၏လည်ပင်းအား ညှစ်လိုက်သည်ကို မြင်လိုက်ရသောအခိုက်အတန့်တွင် သူ့နှလုံးသားသည် လည်ချောင်းထဲမှ ခုန်ထွက်သွားသည်ဟုပင် ရှစ်ယွင်ယီခံစားလိုက်ရသည်။ နှလုံးသားထဲမှ ထိတ်လန့်ကြောက်ရွံ့မှုများက အတိုင်းအဆမရှိ ကြီးထွားလာခဲ့သည်။

ပိုင်ယွီအားကယ်တင်ရန် ရောက်လာခဲ့ခြင်းဖြစ်သော်လဲ ယခုအခါတွင်မူ အန္တရာယ်ထဲ ထပ်မံကျရောက်နေပြန်သည်။

ရှစ်ယွင်ယီသည် အဘယ်ကြောင့်သွေးကျွန်ကို လိုအပ်ရပါမည်နည်း။ ပိုင်ယွီ၏နံဘေး၌ အကြောင်းရင်းမရှိဘဲ လိုက်နေရမည်ကို သဘောမကျရုံသာရှိသည်။ ပိုင်ယွီက သွေးကျွန်မဖြစ်ချင်သောအခါ သူ့အနေနှင့်လဲ မည်သိုဖိအားပေးနိုင်ပါမည်နည်း။

အကယ်၍ ထိုအချိန်ကသာ သူသည် ပိုင်ယွီ၏နံဘေးတွင် ရှိနေခဲ့ပါလျှင် မော့ယွင်တွင်လဲ ပိုင်ယွီကိုခေါ်သွားရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။

ရှစ်ယွင်ယီသည် မော့ယွင်နောက် ချက်ချင်းလိုက်ခဲ့ပါသော်လဲ ကာဆီးထားသောဝမ်ယွီကြောင့် စက္ကန့်အနည်းမျှ နောက်ကျသွားခဲ့ရသည်။

သို့ပါသော်လဲ ထိုအချိန်တစ်ခဏလေးသည် သူနှင့်မော့ယွင်ကြား၌ များစွာသောအကွာအဝေးကို ဖန်တီးလိုက်နိုင်ခဲ့သည်။ ဝေးကွာသွားသည်မှာ ချက်ချင်းဖမ်းမမိနိုင်တော့သည်အထိပင်။ သို့သော် ယခုအချိန်တွင် အခြေအနေကို ပို၍နှောင့်နှေးစေမည်ဆိုလျှင် ပိုင်ယွီအတွက်လဲ ပို၍အန္တရာယ်များလိမ့်မည်။

ရှစ်ယွင်ယီ၏မျက်နှာသည် ပို၍ပင်အေးစက်သုန်မှုန်လာပြီးနောက် လက်ကိုဆန့်ထုတ်လိုက်သလို ပါးစပ်မှလဲ ဂါထာများကိုဆက်တိုက်ရွတ်ဆိုနေသည်။

လက်သည်းရှည်တို့ဖြင့် လက်မောင်းကိုကုတ်လိုက်သောအခါ ရှစ်ယွင်ယီ၏လက်မောင်းမှ ရွှေရောင်သွေးများ ထွက်လာလေသည်။ ထွက်လာသော သွေးများက ရွှေရောင်အခိုးအငွေ့များအဖြစ် ပျံ့လွင့်ကုန်သည်။

ရုတ်ချည်းဆိုသလိုပင် အရပ်၈မျက်နှာမှ မရေမတွက်နိုင်သော လင်းနို့များစွာတို့က ပျံသန်းလာပြီး သွေးတိမ်တိုက်တို့ကို ဝန်းရံထားလိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now