unicode
အပိုင်း(၅၄) (ရူးနေတဲ့အဲ့ဒီဗန်ပိုင်းယားက ငါ့ယောကျာ်း ၁.၁)
တံခါးခေါက်သံက ထွက်ပေါ်လာပြန်သည်။
သူ့ဘဝ၌ ယခုကဲ့သို့အခြေအနေမျိုးကိုကြုံရမည်ဟု စိတ်ပင်မကူးဖူးသဖြင့် ရှစ်ယွင်ယီ၏မျက်နှာက ပိုမိုအကျည်းတန်လာခဲ့သည်။
ဒုက္ခရောက်နေသောကျားသည် ခွေး၏အနိုင်ကျင့်ခြင်းကို ခံနေရသည်။သူ့ရှေ့မှ ချစ်စဖွယ်ကောင်လေးကို ကြည့်လိုက်မိချိန်တွင် သူ့နှလုံးသားထဲ၌ မုန်းတီးမှုတို့သာ ပြည့်နှက်နေခဲ့သည်။
အနိမ့်ကျဆုံးလူသားက ဗန်ပိုင်းယားဇကရာဇ်ထံမှ အနမ်းခံချင်မှုသည် မည်မျှရယ်စရာကောင်းလှပါသနည်း။ ရယ်စရာကောင်းလွန်း၍ သွေးပင်အန်ထုတ်ချင်မိသည်။
ဗန်ပိုင်းယားဧကရာဇ်၏ မျက်လုံးထဲတွင်မူ လူသားတို့အတွက် ခေါင်းစဉ်၂ခုသာရှိသည်။ စားမကောင်းသောအစားအစာနှင့် အရသာရှိသော အစားအစာဟူ၍ပင်။
မည်သူကများ သူ၏စားစရာကို နမ်းချင်ပါမည်နည်း။
သို့ပါသော်လဲ ထိုအချိန်တွင် ပိုင်ယွီထံမှ တုံ့ပြန်သံမကြားရသောကြောင့် တံခါးတစ်ဖက်မှလူ၏ တံခါးခေါက်သံက ပိုမိုကျယ်လောင်လာသည်။
"ပိုင်ယွီ... ပိုင်ယွီ"
ရှစ်ယွင်ယီ၏မျက်နှာမှာ အလွန်အမင်း ရှုံ့တွလာခဲ့သည်။ အကယ်၍သာ ပုပ်ရဟန်းမင်းကြီးနှင့်တိုက်ပွဲ၌ ဒဏ်ရာအပြင်းအထန် မရလာခဲ့လျှင် ထိုလူအုပ်လေးအား ကြောက်နေစရာမလိုပါပေ။
စိတ်ပျက်စရာ ပုပ်ရဟန်းမင်းကြီး၏ ချိတ်တံဆိပ်စည်းကြောင့် ဒဏ်ရာရထားပါသော်လဲ သူသည် တစ်ကမ္ဘာလုံးတွင် တစ်ဦးတည်းသာရှိသော အဆင့်အမြင့်ဆုံး သန့်စင်သောဗန်ပိုင်းယားတစ်ကောင်ဖြစ်သည်။ရှစ်ယွင်ယီ၏မျက်လုံးများက ရုတ်တရက်ကျဉ်းမြောင်းသွားရသည်။ သူ၏ဒဏ်ရာကို ပြန်ကုစားပြီးပါက ထိုအဆင့်နိမ့်လူသားများကို အစာအဖြစ် ဖမ်းဆီးခဲ့ရန် သူ၏လူများကို ခိုင်းရမည်။
ရှစ်ယွင်ယီ၏ ဟိတ်ကြီးဟန်ကြီးဖြစ်နေသော အမူအရာကိုကြည့်ကာ ပိုင်ယွီသည်လဲ အတော်လေးကူရာကယ်ရာမဲ့နေသည်။
ပိုင်ယွီအနေနှင့် အပြင်မှလူများသည် ဗီလိန်အား နာကျင်အောင်လုပ်ရန် ခွင့်မပြုနိုင်ပါပေ။ အစောပိုင်းမှစကားမှာ ကျီစားလိုက်ရုံသာဖြစ်သော်လဲ ထိုသူ၏မာန်မာနက အလွန်မြင့်မားလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ချေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️