unicode
အပိုင်း(၅၅) (ရူးနေတဲ့အဲ့ဒီဗန်ပိုင်းယားက ငါ့ယောကျာ်း ၂.၁)
ပိုင်ယွီသည် သူ၏ရင်ဘတ်အား လက်နှင့်ကာ၍ အကျီၤကြယ်သီးများ ပြန်တပ်လိုက်သည်။
ထို့နောက် ရှစ်ယွင်ယီအား ဆရာတစ်ယောက်၏လေသံဖြင့် ပြောလိုက်သည်။
"မင်း ဒီလိုမျိုး လုပ်လို့မရဘူး ငါက ယောကျာ်းတစ်ယောက်လေ ဘယ်လိုလုပ်ပြီး ငါ့...ငါ့မှာ အဲ့တာရှိ..."
ပိုင်ယွီ၏အသံက ပိုပို၍တိုးသွားခဲ့ပြီး သူ၏မျက်နှာလေးက ပိုပို၍နီရဲလာခဲ့သည်။အဆုံးသတ်၌ မျက်နှာပါလွှဲလိုက်ရသည်။ သူ့အနေနှင့် ရှစ်ယွင်ယီအား လုံးဝမကြည့်ရဲတော့ပေ။ ထိုလူမှာညစိတ်မမှန်သော်လဲ ဗီလိန်ဖြစ်နေဆဲပင်။
လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ဆုံးဖြတ်ချက်ပြတ်သားသူသည် ယခုအခါတွင် မည်သို့ဖြစ်နေရပါသနည်း။ ထို့ပြင် သူအပေါ်၌လဲ အရှက်ရဖွယ်ကိစ္စကိုပါ ကျူးလွန်သေးသည်။ ထိုကိစ္စများကို တွေးမိသောအခါ လုံးဝသည်းမခံနိုင်တော့ပေ။ထို့ကြောင့် ပိုင်ယွီသည် ဗီလိန်အား တွန်းထုတ်ခဲ့သည်။
ရှစ်ယွင်ယီသည် ချက်ချင်းဆိုသလိုပင် မျက်နှာကိုပွတ်သပ်ကာ မျက်လုံးများကလဲ မျက်ရည်ဝဲလာခဲ့သည်။
သနားစဖွယ်ဗီလိန်သည် နာကျင်နေပုံရပြီး ပဲစေ့အရွယ် မျက်ရည်ပေါက်များက တစ်ပေါက်ချင်းကျလာတော့သည်။"ယွီယွီ ယွီယွီက ကျွန်တော့်ကို မလိုချင်တော့ဘူး ဝူး ဝူး..."
ပိုင်ယွီတစ်ယောက် အကြီးအကျယ်ရှော့ရသွားခဲ့သည်။
ဒါက တကယ်ပဲ သူ့ရဲ့ဗီလိန်လား။
သူက တကယ်ကြီးငိုနေတယ်လေ။
ထိုမြင်ကွင်းသည် ပိုင်ယွီမြင်ဖူးသမျှထဲ၌ ကြောက်စရာအကောင်းဆုံးမြင်ကွင်း ဖြစ်လာခဲ့သည်။
သို့သော်လဲ ထိုသို့ဖြစ်နေသောဗီလိန်ကို တွေ့လိုက်ရသောအခါ ပိုင်ယွီ၏နှလုံးသားက အတိုင်းအဆမဲ့ နူးညံ့သွားရသည်။"မဟုတ်ပါဘူး မလိုချင်တာ မဟုတ်ရပါဘူး ငါထွကိသွားတောာမယ်လို့ မင်းတွေးမိသွားလို့လား"
"ဒါဆိုယွီယွီက ဖက်ထားပေးလေ အဆင်ပြေလား"
ရှစ်ယွင်ယီသည် ပိုင်ယွီအား မယုံရဲယုံရဲနှင့်ကြည့်ကာ သတိကြီးကြီးနှင့် ပြောလာခဲ့သည်။
ပိုင်ယွီသည် တွန့်ဆုတ်စွာဖြင့် သူ၏လက်ကို ဆန့်ထုတ်ပေးလိုက်ပြီး "ဖက်လေ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️