unicode
အပိုင်း(၇၀) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၇.၁)
သတို့သမီးရွေးရသောနေ့သည် ၁၀နှစ်၁ခါလာတတ်သည့် ရှစ်ယွင်ယီအမုန်းဆုံးနေ့ပင်။ သူ့မျက်လုံးထဲတွင်မူ ထိုအမျိုးသမီးများသည် မုန်ညင်းထုပ်များနှင့် ဘာမှမကွာခြားပါပေ။ သို့သော် သူမကြည့်လျှင်လဲ ထိုလူအိုကြီးများက နားထဲတွတ်ထိုးနေလိမ့်မည်။
သေချာသည်က ဘယ်သူ့ကိုမှ မကြည့်ခဲ့ခြင်းပင်။ နှစ်ထောင်ချီကြာသည်အထိ လူရွေးနေရပြီး ဘယ်အချိန်မှ အဆုံးသတ်မည်ကို မသိပေ။
ထိုအကြောင်းတွေးလေလေ ရှစ်ယွင်ယီစိတ်တိုလာလေလေပင်။ ထိုအမျိုးသမီးများကို ကြည့်နေရပါသော်လဲ စိတ်ထဲ၌မူ ပိုင်ယွီ့အကြောင်းကိုသာ တွေးနေမိသည်။
ထိုအမျိုးသမီးများသည် အလွန်ရုပ်ဆိုးပြီး သေလောက်အောင်ရုပ်ဆိုးလှသည်။
သို့သော် သူ၏ပိုင်ယွီကမူ အလွန်ကြည့်ကောင်းပြီး ဘယ်နေရာကကြည့်ကြည့် ရယ်နေလျှင်သော်၎င်း ငိုနေလျှင်သော်၎င်း ဆွဲဆောင်မှုရှိသည်။ ကြည့်အကောင်းဆုံးအချိန်မှာ အဝတ်နှင့်တူသည်များကို ဘာမှမဝတ်ထားသောအချိန်ဖြစ်နေမည်က အသေအချာပင်။ရှစ်ယွင်ယီ၏အတွေးများက အရိုင်းဆန်လာပြီးနောက် သူ၏အတွေးများက ပိုင်ယွီထံရောက်သွားပြီး ရုတ်တရက်တွေ့ချင်လာသည်။
ဤနေ့တွင်လဲ ပိုင်ယွီက သူ့ကိုစိတ်ဆိုးနေသေးလျှင် ဘာလုပ်ရမလဲမသိပေ။
မနေ့ကမူ ပိုင်ယွီ၏ကုတင်ပေါ်မှ ကန်ချခံရပြီး ပြန်ကုပ်တက်သွားသောအခါ ဗန်ပိုင်းယားဟူသည် အခေါင်းထဲ၌သာ အိပ်သင့်သည်ဟု ရုပ်တည်ကြီးနှင့် အပြောခံရသည်။ရှစ်ယွင်ယီ အလွန်စိတ်ပူပန်သွားရသည်။ ထို့ကြောင့် အိမ်တော်ထိန်းရှိရာသို့ ခေါင်းကိုအသာလှည့်၍ တီးတိုးမေးလိုက်သည်။
"အိမ်တော်ထိန်း မင်းရဲ့petလေးတွေကို ပုံမှန်အချိန်ဆို ဘယ်လိုဆက်ဆံလဲ"
အိမ်တော်ထိန်းကြီးသည် ရှစ်ယွင်ယီထံမှ ထိုသို့မေးခွန်းမျိုးကြားရမည်ဟု မမျှော်လင့်ခဲ့ဖူးပေ။
"ပုံမှန်ဆို ကောင်းကောင်းဆက်ဆံပါတယ် လိမ္မာရင်ဆုချပြီး ဆိုးရင်တော့..."
"ဆိုးရင်ဘာလုပ်လဲ"
ရှစ်ယွင်ယီ ရုတ်တရက်ကြီးစိတ်ဝင်စားသွားသည်။
ဤဆွေးနွေးပွဲကမှ ထိုအလှလေးများကိုကြည့်ရသည်ထက် ပိုစိတ်ဝင်စားဖို့ကောင်းပုံပင်။
ထိုအချိန်တွင် အနီးအနားတွင်ရှိသော မိန်းမလှလေးသည် ရှစ်ယွင်ယီနှင့်အိမ်တော်ထိန်းတို့၏ဆွေးနွေးပွဲအကြောင်းအရာကို ကြားသွားပြီးနောက် ဝင်ပြောလာသည်။
"မလိမ္မာရင်ကတော့ ရိုက်ရမှာပေါ့ မဟုတ်ရင် ဒေါသကိုအားပေးရာရောက်ပြီး ပိုဆိုးသွမ်းလာမှာပါ ဧကရာဇ်အရှင် မသိသေးပါဘူး တိရစ္ဆာန်က တိရစ္ဆာန်ပဲမလား"
ထိုအမျိုးသမီးပါးစပ်ထဲမှ တိရစ္ဆာန်ဟူသောစကားထွက်လာသောအခါ ရှစ်ယွင်ယီပေါက်ကွဲသွားပြီး ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်သည်။
"ဘယ်သူ့ကိုများ တိရစ္ဆာန်လို့ ခေါ်ရဲတာလဲ မင်းသေချင်နေလား"
' ဒီလိုမိန်းမကများ ဘယ်လိုတောင်အတင့်ရဲပြီး ပိုင်ယွီကို တိရစ္ဆာန်တစ်ကောင်ဆိုပြီး ခေါ်ရဲတာလဲ'
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️