Unicode
အပိုင်း(၆) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၆)
ရှောင်မီဟူ လဲသေချင်လာသည်။ ပိုင်ယွီက နျဲ့လင်စယွီကိုမုန်းတီးသည်ဟူသော ပိုင်လင်၏စကားအဆုံးတွင် နျဲ့လင်းယွီ၏နှစ်သက်မှုများ ကျဆင်းလာသည်။
[ပစ်မှတ်၏နှစ်သက်မှု -၅][ပစ်မှတ်၏နှစ်သက်မှု -၅]
[ပစ်မှတ်၏နှစ်သက်မှု -၅]
[ပစ်မှတ်၏နှစ်သက်မှု -၅]
ရှောင်မီဟူခေါင်းကိုက်လာသည်။ ဒီပစ်မှတ်က ဘာလို့များ အရမ်းစိတ်ပျက်စရာကောင်းရတာလဲကွာ...။
သို့သော်ငြား ပိုင်ယွီသည် စောင်နှင့်ကွယ်ကာ ရှက်ကိုးရှက်ကန်းနှင့် စကားဆက်ပြောနေဆဲပင်။ "လင်းယွီက အရမ်းသက်လုံကောင်းတာ အစ်ကိုက သူ့ကိုဘယ်လိုထားခဲ့ချင်ပါ့မလဲ"
နျဲ့လင်းယွီ၏နှစ်သက်မှုက ရုတ်ချည်းဆိုသလို အမှတ်၃၀ထိုးတက်လာသည်။
ရှောင်မီဟူပင် ရှော့ရသွားခဲ့သည်။ အခုက ၁၀မှတ်ထက် ပိုများသွားတာလားလို့..."[အဲ့စကားထဲမှာ ဘာတွေများ အထူးတလည်ပါနေလို့လဲ အရမ်းအားပြင်းတာမျိုးလား]
ပိုင်ယွီက အောင်ပွဲခံနေရင်းမှ ရှောင်မီဟူအား ပြောပြလိုက်သည်။ "ချီကျူးခံရတာကို သဘောမကျတဲ့လူမရှိဘူးဆိုတာ မင်းနားမလည်ပါဘူး ဒါက စွမ်းဆောင်ရည်နဲ့ဆိုင်တဲ့ကိစ္စကွ"
ရှောင်မီဟူက စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေဆဲပင်။ [ဒါဆို Hostရဲ့စွမ်းဆောင်ရည်က သူ့ထက်ကောင်းတာလား]
ပိုင်ယွီ: "ထွက်သွား..."
ပိုင်ယွီနှင့်ရှောင်မီဟူတို့ စကားပြောနေချိန်တွင် ပိုင်လင်၏မျက်နှာက ပို၍အကျည်းတန်လာသည်။
ပိုင်ယွီအား မယုံကြည်နိုင်စွာဖြင့်ကြည့်နေရင်းမှ အသံများပင် တုန်နေလေသည်။
"အစ်ကို ဘာ ဘာပြောလိုက်တယ် အစ်ကိုနဲ့အစ်ကိုလင်းယွီက အိပ်ပြီးသွားပြီတဲ့လား.."
ပိုင်လင်သည် နျဲ့လင်းယွီအား အမြဲတစေသဘောကျခဲ့ပြီး ကြိမ်ဖန်များစွာ မသိမသာဆွဲဆောင်ခဲ့ပါသော်လဲ နျဲ့လင်းယွီက လုံးဝမတွေ့မြင်ခဲ့ပါပေ။ အနှီလူသား၏အကြည့်တို့က တုံးအသော သူ့အစ်ကိုထံတွင်သာ အမြဲရှိနေခဲ့သည်။
ယခုအခါတွင် သူ့အစ်ကိုသည် နျဲ့မင်ယွီနှင့် အတူအိပ်ပြီးသွားခဲ့ပြီဖြစ်သည်။
ပိုင်လင်သည် ပြောမပြတတ်အောင်ပင် မနာလိုဖြစ်လွန်းသောကြောင့် မျက်နှာထားကပင် မှုန်မှိုင်းလာရသည်။
ပိုင်ယွီကမူ ရှက်နေသေးပုံပင်။
"ဒါပေါ့ လင်းယွီက ဘယ်လောက်သန်မာလဲဆိုတာ မင်းမသိပါဘူး"
ပိုင်ယွီသည် မျက်နှာကိုလက်နှင့်ကာထားသော်လဲ မြင်နေရသော ပယင်းရောင်မျက်ဝန်းတို့က လောကကြီးအကြောင်း ဘာမှနားမလည်သည့် ဖြူစင်ပြီးချစ်စဖွယ်ကောင်းသည့် သမင်လေးတစ်ကောင်နှယ်။
ထုတ်ပြောပြနေသော်လဲ ရှက်နေသေးပုံပင်။
ပိုင်ယွီ၏ မနာလိုဖြစ်ကာ အမုန်းတရားများနှင့် ပြည့်နှက်နေသောအကြည့်များကို လုံးဝလျစ်လျှုရှုထားလိုက်သည်။
"ငါ့ခါးလေး ကျိုးတော့မတတ်ဘဲ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️