Arc 2.15(1)

4.2K 402 11
                                    

unicode

အပိုင်း(၄၅) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၅.၁)

လူငယ်လေး၏စကားတို့က မပြည့်စုံပါသော်လဲ လီယွီဖုန်းသည် အခြေနေအရပ်ရပ်ကို သိမြင်ခဲ့ပြီဖြစ်သည်။

လှည့်စားရသည်ကို နှစ်သက်သူတို့တွင် စကားလုံးများများစားစားမလိုပါပေ။ ပိုင်ယွီ၏လက်ရှိအနေအထားမှာ စွန့်ပစ်ခံကလေးတစ်ယောက်ထက် မပိုပါချေ။

သူ့ထံမှ လျှို့ဝှက်ချက်အချို့ရပါက ကံကောင်းမည်ဖြစ်ပြီး မရခဲ့ပါလျှင်လဲ ကိစ္စမရှိပါချေ။ သို့သော် အသက်ကတော့ ဆုံးရှုံးရလိမ့်မည်။

ဘာပဲဖြစ်ဖြစ် မွေးစားသားတစ်ယောက်ဖြစ်နေတာမို့ အမတ်ပိုင်က ဘယ်လိုလုပ်ပြီး ဂရုစိုက်နေမှာလဲ။ ပြီးတော့ အန်းယွီနဲ့ပါရင်ဆိုင်စေခဲ့တာ။

နိုင်ငံရေးဂရက်တွေကြားထဲမှာ နစ်နာသူဖြစ်အောင်လုပ်ခဲ့ပြီး တကယ်တော့ ပိုင်ယွီက အဖိုးမတန်တဲ့ ပေါင်းကူးတံတားလေးတစ်ခုသာသာပါပဲ။ ဘယ်သူကများ သူ့ရဲ့ဘဝကို ဂရုပြုမှာလဲ။

လီယွီဖုန်း၏နှလုံးသားက ရုတ်တရက်ကျုံ့သွားသလို ခံစားလိုက်ရသည်။ နာကျင်ရလွန်းသဖြင့် နောက်ထပ်ပင် မနာကျင်နိုင်တော့ချေ။

ချက်ချင်းထရပ်ပြီး စာကြည့်ခန်းတံခါးကိုတွန်းဖွင့်၍ အပြင်ထွက်လာခဲ့သည်။



အခန်းထဲ၌ ပိုင်ယွီသည် အိပ်ရာထက်တွင် လဲလျောင်းနေဆဲဖြစ်ပြီး မျက်လုံးများမှိတ်ထားသော်လဲ ရှောင်မီဟူ၏အသံကို ကြားနေရသည်။

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု+၁၀]

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု+၁၀]

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု+၁၀]

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု+၁၀]

[လက်ရှိမှာ ပစ်မှတ်ရဲ့နှစ်သက်မှုက ၉၀%ပါ ]

[ဝါး Hostရေ နှစ်သက်မှုတွေ အများကြီးတက်လာတာပဲ ကြည့်ရတာ ဗီလိန်ကတော့ အထင်လွဲနေတဲ့အကြောင်းကို သိသွားပြီထင်တယ် နောက်ထပ်ဒုက္ခတွေခံစားစရာ မလိုတော့ဘူးပဲ]

"ကောင်းပြီ" ပိုင်ယွီသည် လဲလျောင်းနေဆဲဖြစ်ပြီး တုံ့ပြန်ရန်ပင် စိတ်မဝင်စားခဲ့ပေ။

အချက်အလက်များကို ပြောင်းလဲပစ်ကာ မေးလ်ပို့ခဲ့ချိန်၌ လီယွီဖုန်းသည် အမှန်တရားအား ရှာဖွေတွေ့ရှိသွားမည်ကို သိထားနှင့်ပြီးဖြစ်သည်။

အချိန်ကသာ စကားပြောသွားလိမ့်မည်။

ထို့ကြောင့်နောက်ပိုင်းတွင် အန်းယွီကပါ သူ့အား လီယွီဖုန်းရှေ့၌ စော်ကားနေသည့်တိုင် တစ်ကြိမ်မှမရှင်းပြခဲ့ပေ။

သူလိုချင်သည်က လီယွီဖုန်းအနေနှင့် အမှန်တရားကို ကိုယ်တိုင်ရှာတွေ့ပြီးနောက် နောင်တရပြီး သူ့အားနှစ်သက်မှုတို့ တိုးလာရန်ပင်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Nơi câu chuyện tồn tại. Hãy khám phá bây giờ