Arc 4.9(2)

1.7K 147 0
                                    

unicode

အပိုင်း(၈၆) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၉.၂)

ဖျော်ဖြေပွဲအကြောင်းနားထောင်နေသော ကျောင်းသားများကမူ အိပ်မောကျနေသောအလှလေးနေရာအတွက် ကျောင်းပန်းလေးကို ရွေးချယ်ကြသည်။ သူမသည် အလွန်လှပပြီး လူအများကရွေးချယ်တင်မြှောက်ထားသော ကျောင်းပန်းလေးဖြစ်၍ မှန်ကန်သောရွေးချယ်မှုပင်။

ထို့ကြောင့် အမျိုးသားဇာတ်လိုက်ကို ရွေးချယ်သောအခါတွင် ထိုနေရာအတွက် သူ့ကိုယ်သူထောက်ခံထားသူတစ်ယောက် ရှိနှင့်ပြီးသားဖြစ်နေသည်။ ထိုလူမှာ သာမန်မိသားစုမှလာပုံရပြီး အဆင့်ကလဲ ပျှမ်းမျှအဆင့်များသာရဖူးသည်။ ကျောင်းပန်းလေးသည် ထိုသူကိုကြည့်နေသော်လဲ ရင်ထဲ၌ရွံရှာမှုအပြည့်ပင်။ သူမအနေနှင့် ထိုသို့လူမျိုးကို အဘယ်သို့တွဲနိုင်ပါမည်နည်း။

ကျောင်းပန်းလေးသည် အမျိုးသားဇာတ်လိုက်ကိုကြည့်နေရင်းမှ ရုတ်တရက်စိတ်ကူးရသွားပြီး မတ်တပ်ရပ်ကာ လူတိုင်းကိုပြောကြားလိုက်သည်။

"တကယ်လို့ ငါပဲသရုပ်ဆောင်မယ်ဆို စိတ်ဝင်စားစရာကောင်းမှာမဟုတ်ဘူး ဆန်းသစ်တဲ့ခံစားချက်မျိုး ပေးနိုင်မှာမဟုတ်ဘူးလေ အားလုံးရဲ့စိတ်ထဲမှာ ငါတို့အတန်းရဲ့ဖျော်ဖြေမှုကို အမှတ်ရပြီး အသည်းစွဲသွားစေချင်တယ်ဆိုရင် ငါ့မှာစိတ်ကူးကောင်းတစ်ခုရှိတယ်"

ကျောင်းပန်းလေးက ထပြောလာသောအခါ အတန်းပိုင်ဆရာကပါ စိတ်ဝင်စားသွားသည်။

"လာပါဦး ဆရာ့ကိုပြောပြပါဦး"

"သမီးအထင်တော့ အိပ်မောကျနေတဲ့အလှလေးပြဇာတ်ကို ဟာသပုံစံလိုမျိုး လုပ်လို့မရနိုင်စရာ မရှိဘူးဆိုပြီး တွေးခဲ့မိပါတယ် အလှလေးဇာတ်ကောင်အတွက်တော့ ပိုင်ယွီကိုညွှန်းပေးချင်မိပါတယ်"

ကျောင်းပန်းလေး၏စကားအဆုံး၌ အားလုံးနီးပါးက ရယ်မောကုန်ကြသည်။ စားပွဲခုံကို အားရပါးရရိုက်ပြီး ရယ်နေကြသူများပင် ရှိသေးသည်။

"ဟားဟား ဟားဟား တကယ့်ကိုဟာသမြောက်မဲ့ဗားရှင်းပဲ ပိုင်ယွီက အရမ်းရုပ်ဆိုးတော့ ပြဇာတ်မှာ သူ့ကိုသာပါခိုင်းလိုက်ရင် အိပ်မောကျနေတဲ့အလှလေးမဟုတ်တော့ဘဲ စုန်းအိုမကြီးဖြစ်သွားမှာ ဟုတ်တယ်မှတ်လား"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now