unicode
အပိုင်း(၁၄) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၄)
သဝန်တိုနေသည့် ပိုင်ယွီ၏စကားများကိုကြားလိုက်ရသောအခါ နျဲ့လင်းယွီ၏နှလုံးသားက နူးညံ့လာသည်။
သူ့ရှေ့မှကောင်လေးအား ငြင်သာစွာကြည့်လိုက်သည်။
ပိုင်ယွီသည် မျက်ရည်လည်ရွဲဖြစ်နေပြီး အလွန်အမင်းဝမ်းနည်းနေပုံပင်။ မျက်ဝန်းထောင့်များ မျက်ရည်စတို့က အချိန်မရွေး ကျဆင်းလာတော့မည့်ပုံပင်။
နျဲ့လင်းယွီ၏စိတ်ထဲ၌ ပိုင်ယွီသည် ကျေနပ်လောက်သည်အထိ နှစ်သိမ့်မှုမရခဲ့ခြင်းကြောင့် ခွဲခွာရန်တွန့်ဆုတ်နေသည်ဟု ထင်နေလေသည်။ သူ၏နှလုံးသားက ဤမျှအထိ တစ်ခါမှမပျော့ပျောင်းခဲ့ဖူးပေ။
အရင်ချိန်များ၌ သူနှင့်ဝေးရာကို ထွက်ပြေးချင်ခဲ့ပါသောထိုကောင်လေးသည် နောက်ဆုံးတွင်တော့ သူ့အား စတင်တွယ်ငြိလာပြီဖြစ်သည်။ သူ့အား တက်ကြွစွာနမ်းရှိုက်သလို အခြားလူထံသွားမည်ကိုလဲ မနာလိုဖြစ်နေသေးသည်။
အိပ်မက်တစ်ခုလိုပင်။
နျဲ့လင်းယွီသည် ပိုင်ယွီ၏ပါးပြင်အား ဖွဖွပွတ်၍ ကျလုဆဲဆဲမျက်ရည်များကို သုတ်ပေးလိုက်သည်။
သူ့အရှေ့တွင်ရှိနေသော နှုတ်ခမ်းကိုက်ထားသောထိုလူသားလေးက အလွန်တရာမှ သနားချင့်စဖွယ်ကောင်းလှသည်။
မျက်တောင်များက မသိမသာတုန်ရင်နေပြီး ပယင်းရောင်မျက်ဝန်းအစုံက သူ့အားကြည့်လာချိန်တွင်မူ ချစ်စဖွယ်ပါးချိုင့်လေးတစ်ခုက ဖြူဥနေသောပါးပြင်ထက်၌ ပေါ်လာလေသည်။
သူ့အား မထွက်သွားပါရန် တားနေသယောင်...။
နျဲ့လင်းယွီ၏နှလုံးသားက လှုပ်ခတ်သွားရသည်။
ပိုင်ယွီ၏ပါးလေးကိုထိန်းကိုင်ကာ နှုတ်ခမ်းအစုံအား အတင်းဖိနမ်းလိုက်သည်။ ပိုင်ယွီ၏သွားများနှင့် ပွတ်တိုက်မိသည်အထိ နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်နေမိသည်။ ဖြစ်နိုင်မည်ဆိုပါက ထိုကောင်လေးအား သူ၏နှလုံးအိမ်ထဲ ထည့်ထားချင်မိသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️