unicode
အပိုင်း(၆၉) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၆.၁)
မည်သို့ပင်ဖြစ်စေ ရှစ်ယွင်ယီသည် အဓိပ္ပါယ်မရှိသောစကားများစွာကိုပြောပြီးနောက် အခေါင်းထဲသို့ ပြန်ရောက်လာခဲ့ရပြန်သည်။
သို့သော် ပတ်ဝန်းကျင်အနေအထားအရ ထိုကိစ္စမျိုးလုပ်ရန်အတွက် နေရာထိုင်ခင်းမျိုးမဟုတ်၍ ပိုင်ယွီ အညာမိနေဆဲပင်။
ရှစ်ယွင်ယီ၏နှလုံးသားထဲ၌ ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားနေရသည်။ ဤအကြိမ်သည် အသိစိတ်ပြန်ဝင်လာပြီးမှ ပိုင်ယွီနှင့် ပထမဆုံးအတူနေရမည့်အကြိမ်ဖြစ်သည်။သူ့အနေနှင့် နောက်ထပ်သည်းမခံနိုင်တော့ပေ။ ရင်ခွင်ထဲ၌ အလှလေးရှိနေချိန်တွင် ဘာမှမလုပ်လိုက်ရမှသာ ဝမ်းနည်းဖို့ကောင်းသည်မဟုတ်ပါလော။
ထိုအတွက်လဲ နောင်တရမိသည်။ အဘယ်ကြောင့်များ အသိပြန်ဝင်လာချိန်တွင် ထိုမှတ်ဉာဏ်ကိုဖျက်ရန် ကြိုးစားမိခဲ့ပါသနည်း။ ပိုင်ယွီကိုပင် သတ်ချင်လိုက်သေးသည်။ကံကောင်းထောက်မစွာဖြင့် မသတ်မိလိုက်၍တော်သေးသည်။ မဟုတ်ပါက တစ်သက်လုံးနောင်တရနေရလိမ့်မည်။
သူ့အနာဂတ်၌ ပိုင်ယွီမပါဝင်တော့ကြောင်း တွေးလိုက်မိသောအခါ ရှစ်ယွင်ယီ၏နှလုံးသားက နာကျင်လာရသည်။
ပိုင်ယွီမရှိဘဲ မည်သို့နေနိုင်ပါမည်နည်း။
ထိုလူသားလေးအား သူ့နံဘေးတွင် အမြဲတမ်းရှိစေချင်ပါသည်။
"ရှောင်ယွီ ဒါက စိတ်ဝိဉာဉ်ကို စုပ်ယူတယ်ဆိုတာပဲ ကိုယ်က မင်းပါးစပ်ထဲကနေ စိတ်ဝိဉာဉ်ကို စုပ်ယူနေတာ"
ရှစ်ယွင်ယီသည် နက်ရှိုင်းစွာနမ်းရှိုက်နေရင်းမှ ပြောပြနေသည်။ သူ့ရှေ့မှလူသားအား မြိုချလုမတတ်ပင်။
သွားတို့က ပိုင်ယွီ၏အရေပြားကို ပွတ်တိုက်နေသည်။
ဗန်ပိုင်းယားတို့၏သွားတွင် စိတ်ကြွဆေးကဲ့သို့ ဇီဝဓာတုပစ္စည်းများပါဝင်သောကြောင့် ထိမိရုံနဲ့တင် ထုံကျင်လာရသည်။
ပိုင်ယွီ အသက်ရှုသွင်းလိုက်သည်။ ထိုခံစားချက်က သူ၏ဦးရေပြားကိုပါ ထုံကျင်စေသည်။ ရှစ်ယွင်ယီ၏အောက်၌ အဆုံးမရှိ နစ်မြှုပ်ပစ်ချင်လာသည်။
ထိုအချိန်တွင် ရှစ်ယွင်ယီအခန်းတံခါးပွင့်လာသည်။ ရဲတိုက်မှ အိမ်တော်ထိန်းအိုကြီးသည် တံခါးဝ၌ ရိုကျိုးစွာရပ်နေလေသည်။ သို့သော် ပိုင်ယွီနှင့်ရှစ်ယွင်ယီတို့က အခေါင်းထဲမှာဖြစ်၍ မမြင်ရပေ။
"အရှင် ဒီမှာရှိပါသလား"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️