unicode
အပိုင်း(၉၇) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၀.၁)
ပိုင်ယွီ မျက်မှောင်ကြုံ့လိုက်မိသည်။ အနီးအနား၌ ကျောင်းသားများလဲမရှိတော့သဖြင့် ထိုလူရမ်းကားများကိူ ရိုက်နှက်ပစ်လျှင်ပင် ရှဲ့ကျွင်းယန်နားထဲ ပြန်ရောက်မည်မဟုတ်ပေ။ ရှဲ့ကျွင်းယန်မသိသရွေ့ OOCဖြစ်မည်မဟုတ်။
စိတ်လှုပ်ရှားမှုတို့က ပိုင်ယွီ၏နှလုံးသားထဲ၌ ချက်ချင်းနေရာယူသွားသည်။ ဤကမ္ဘာသို့ ရောက်လာချိန်မှစ၍ ကျောင်းတွင်းအနိုင်ကျင့်မှုကိုခံရသည်။ ထိုအချိန်က မလှုပ်ရှားခဲ့ခြင်းမှာ OOCဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် ယခုအခါတွင် မတူတော့ပေ။ ရှဲ့ကျွင်းယန်ကမရှိသလို ကျောင်းမှလူများလဲမရှိပေ။ ဤနေ့တွင်တော့ စိတ်တိုင်းကျလူရိုက်နိုင်တော့မည်။
ပိုင်ယွီ၏မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုတို့ကို မြင်တွေ့လိုက်ရသောအခါ လူရမ်းကားများ၏စိတ်ထဲတွင်မူ လမ်းမှားနေသောကောင်လေးဟု ထင်မြင်သွားသည်။
"ဘယ်လိုလဲကောင်လေး ငါတို့ညီကိုတွေနဲ့ကစားဖို့ မစောင့်နိုင်တော့ဘူးလား"
ထိုစကားအဆုံး၌ လူရမ်းကားသည် ပိုင်ယွီ၏ခန္ဓာကိုယ်လေးပေါ် လက်တင်လိုက်သည်။ သို့သော် သူ၏လက်က ပိုင်ယွီထံမရောက်ခင် ပြင်းထန်သောလက်သီးက အရင်တိုးဝင်လာခဲ့သည်။
ပြောမပြတတ်အောင် နာကျင်လွန်းလှသဖြင့် လူရမ်းကားသည် ခါးညွှတ်ကာဒူးထောက်ကျသွားသည်။ ကျန်လူများသည်လဲ တုန်လှုပ်ခြောက်ခြားစွာဖြင့် အချင်းချင်းကြည့်နေမိသည်။ ပိုင်ယွီထံ၌ ဤမျှသန်မာသောအားအင်ရှိမည်ဟု မည်သူကမှ မတွေးထားမိပေ။ ကျောင်းပန်းလေးပေးထားသော အချက်အလက်များနှင့် လုံးဝလွဲချော်နေခဲ့သည်။
အခုလေးတင် လှဲသိပ်ခံလိုက်ရသူသည် သူတို့အုပ်စုထဲ၌ ခံနိင်ရည်အရှိဆုံးသူဖြစ်သည်။ သို့သော် ပိုင်ယွီက လက်သီးတစ်ချက်ထဲနှင့် မှောက်သိပ်လိုက်သည်။
လူရမ်းကားခေါင်းဆောင်က မျက်မှောင်ကြုံ့၍ အော်ငေါက်လိုက်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️