Arc 2.12(1)

3.9K 387 17
                                    

unicode

အပိုင်း(၄၂) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၂.၁)

လီယွီဖုန်းသည် အရှေ့မှစားပွဲအား ဒေါသတကြီး ကန်ကျောက်လိုက်သည်။

စိတ်ကြွဖွယ်ဖယ်ရိုမုန်းများက သီးသန့်အခန်းကျဉ်းလေးထဲ၌ ပျံ့နှံ့နေသော်လဲ ၎င်းတို့၏ထဲတွင် အခန်းတွင်းမှ လူတိုင်းအား သတ်ပစ်ချင်နေသည့် အငွေ့အသက်များသာ ဖုံးလွှမ်းနေသည်။

တခဏအကြာတွင်မူ အခန်းထဲမှ လူတိုင်းသည် တုန်တုန်ရင်ရင်နှင့် ထွက်သွားကြသည်။



အန်းယွီသည် သူ့ရှေ့မှတိုင်တွင် တုပ်နှောင်ခံထားရသော ပိုင်ယွီအားကြည့်ကာ ပျော်မြူးနေလေသည်။

အတိတ်မှကိစ္စများက ရုတ်တရက်ခေါင်းထဲပေါ်လာသဖြင့် ကြာပွတ်နှင့် ဖြတ်ရိုက်လိုက်သည်။ ပိုင်ယွီကမူ ကိုမာဝင်နေဆဲဖြစ်ပြီး ပြန်နိုးလာမည့်လက္ခဏာလဲမပေါ်ပေ။

သို့သော်ကြာပွတ်ရိုက်ချက်က ပြင်းထန်လွန်းလှသဖြင့် ကိုမာဝင်နေသည့်ကြားမှပင် ပိုင်ယွီအား မျက်မှောင်ကျုံ့သွားစေသည်။

ပိုင်ယွီ၏မျက်နှာမှာ အလွန်အမင်းဖြူဖျော့နေပြီး ကြာပွတ်နှင့်အရိုက်ခံရသောနေရာတိုင်းမှ သွေးများယိုစီးကျနေသည်။

ချောမွတ်သော နဂိုအသားအရေက လွှာထုတ်ခံလိုက်ရသလို ပျက်စီးသွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

အန်းယွီ၏ရင်ထဲ၌ အလွန်အမင်းပျော်မြူးနေမိသည်။

"အဲ့အပျက်ကောင်သူလျှိုက ငါနဲ့တောင်တိုက်ခိုက်ချင်နေတာလေ လီယွီဖုန်းက အမှတ်အသားပေးလိုက်တော့ရော ဘာထူးသွားလို့လဲ အခုဆို ငါ့လက်ထဲမှာ သေရတော့မှာမဟုတ်လား"

အန်းယွီသည် ထိုသို့ပြောဆိုနေသော်လဲ ပိုင်ယွီနှင့် လီယွီဖုန်းတို့ အတူအိပ်စက်ခဲ့သည့်အကြောင်းများကို ပြန်တွေးမိလိုက်သည်နှင့် သူ၏သွားများကပင် ယားယံလာသည်။ ထုတ်ပြော၍မရသောဒေါသက သူ့နှလုံးသားထဲ၌ လောင်ကျွမ်းနေသည်။

ပိုင်ယွီလို သူလျှိုတစ်ယောက်က လီယွီဖုန်း အမှတ်အသားပြုတာကို ဘယ်ကြောင့်ရသွားရတာလဲ။

အန်းယွီ၏နှလုံးသားထဲ၌ မနာလိုမှုတို့ ပြည့်နှက်လာသည်။

အကယ်၍ ပိုင်ယွီသည်သာ အမတ်ပိုင်၏သားမဟုတ်ခဲ့ပါလျှင် ဘုရင်မင်းမြတ်၏နယ်ရုပ်မဖြစ်ခဲ့ပါလျှင် ချက်ချင်းသတ်ပစ်၍ရသည်။

ယခုအခါတွင်မူ ထိုသို့လုပ်လိုက်၍မရသေးဘဲ စိတ်ပျက်စရာကောင်းအောင် ဖြေးဖြေးချင်းနှိပ်စက်နေရပြီး နောက်တစ်လအကြာတွင်မှသာ ပိုင်ယွီသည် နာမကျန်းဖြစ်၍ သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ရပေတော့မည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Tempat cerita menjadi hidup. Temukan sekarang