unicode
အပိုင်း(၆၄) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၁.၁)
"ဝုန်း..."
ပေါက်ကွဲသံကြီးက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ သူ၏ခန္ဓာကိုယ်မှာ လောင်ကျွမ်းခံနေရပြီး ချက်ချင်းဆိုသလိုပင် မီးလူသားဖြစ်သွားခဲ့သည်ကိုသာ တွေ့လိုက်ရသည်။
ဘုန်းတော်ကြီးသည် နာကျင်မှုကြောင့် အော်ဟစ်နေသော်လဲ စကားပြောနိုင်နေသေးသည်။
"မဖြစ်နိုင်တာ ငါလုံးဝမယုံနိုင်ဘူး မဖြစ်နိုင်ဘူး"
သို့သော် မည်မျှပင်အော်ဟစ်နေပါစေ အသုံးမဝင်တော့ပေ။ အဖြစ်အပျက်များက အားလုံးကို ရှင်းပြပြီးသားဖြစ်နေခဲ့သည်။
ပိုင်ယွီ၏မျက်နှာထက်၌ မည်သည့်အမူအရာမှမရှိပေ။ မီးထဲ၌ရုန်းကန်နေရင်းမှ နောက်ဆုံးတွင်ငြိမ်သက်သွားပြီး ပြာကျသွားသောဘုန်းတော်ကြီးကိုသာ အေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
ပိုင်ယွီသည် ခေါင်းမော့၍ ရှိနေသောလူတိုင်းကို ကြည့်လိုက်သည်။
"အပြစ်ရှိတဲ့လူတွေဟာ မီးလောင်ပြီးတော့ သေရမှာပဲ အခုရော ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ တွေးနေကြတုန်းပဲ"
"မတွေးပါဘူး မတွေးပါဘူး"
လူအုပ်ကြီးသည် အရှေ့မှမြင်ကွင်းကြောင့် ကြောက်လန့်နေပြီးသားဖြစ်၍ ပိုင်ယွီအား ကလန်ကဆန်မလုပ်ရဲတော့ပေ။
ထိုအချိန်တွင် လက်ခုပ်တီးသံများ ရုတ်တရက်ထွက်ပေါ်လာသည်။
ပိုင်ယွီက ခေါင်းလှည့်၍ အသံလာရာသို့ ကြည့်လိုက်သောအခါ လွန်ခဲ့သောအခေါက်ကကဲ့သို့ပင် ခေါင်မိုးစွန်းတွင်ထိုင်ကာ ပွဲကြည့်နေသောမော့ယွင်ကို တွေ့လိုက်ရသည်။
ပိုင်ယွီအတွက် လေပင်ချွန်ပေးလိုက်ပြီးနောက် ရှစ်ယွင်ယီကို ပြောလိုက်သည်။
"ရှစ်ယွင်ယီ မင်းရဲ့စားစရာက အရမ်းကောင်းတာပဲ သူ့သွေးက အရမ်းချိုမယ်ဆိုတာ သံသယဝင်စရာတောင် မလိုတော့ဘူး တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့လူသားပဲ ငါတို့ရဲတိုက်ကို ပြန်ရောက်သွားတဲ့အခါကျ သူ့ရဲ့အရသာကို ပေးမြည်းရမယ်ဆို ဘယ်လိုသဘောရလဲ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️