unicode
အပိုင်း(၁၅) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၅)
သူ့ရှေ့မှလူ၏ စိတ်မရှည်ဖြစ်နေသောပုံကိုကြည့်ပြီး ပိုင်ယွီ မျက်စပစ်ပြလိုက်သည်။
"ငါ့ကိုလိုက်စေချင်တာ သေချာပြီလား ဒါပေမဲ့ ငါလိုချင်တာကို မင်းကမပေးနိုင်လောက်ဘူး"
ထိုလူက ကျယ်လောင်စွာရယ်မောလာသည်။ ဤအလှလေးက ဗဟုသုတနည်းလှသည်။ ပိုက်ဆံထက်အရေးကြီးသည်က ဘာရှိပါသနည်း။
"အလှလေး မင်းလိုချင်တာမှန်သမျှ ကိုယ်အကုန်ပေးမှာပါ"
ထိုသို့ပြောပြီးနောက် စိတ်မရှည်စွာဖြင့် ပိုင်ယွီ၏တစ်ကိုယ်လုံးကို ပွတ်သပ်နေလေသည်။
"တကယ်လား..." ပိုင်ယွီ၏အပြုံးက ပို၍ထင်ရှားလာသော်လဲ သူ၏လေသံက ရှော့ရစရာကောင်းလှသည်။
"ဒါဆို မင်းရဲ့အသက်ကို ငါကလိုချင်ပါတယ်ဆိုရင်ရော"
ပိုင်ယွီ၏မျက်လုံးထဲ၌ နတ်ဆိုး၏အငွေ့အသက်တို့က ဖြတ်ပြေးသွားလေသည်။
ထိုသူ၏မေးစေ့ကို လက်ဖြင့်ဆုပ်ကိုင်ကာ ခေါင်းကိုဆွဲမော့လိုက်သည်။
အလှလေးက သူ့အသက်ကိုလိုချင်သည်ဟု ဆိုလာသောအခါ ထိုပုဂ္ဂိုလ်လဲ မနေနိုင်တော့ဘဲ အော်ရယ်မိသည်။
"ပုရွက်ဆိတ်တစ်ကောင်က ဆင်ကိုသတ်ချင်ရတယ်လို့၊ ငါ့အသက်ကိုများ လိုချင်သေးတယ်။ အရမ်းရယ်ရတာပဲ..."
"ဟားဟား ဟားဟား"
သို့သော် နစ်ကြိမ်ရယ်မောပြီးချိန်၌ ပိုင်ယွီ၏လက်ချောင်းများက သူ၏မေးစေ့ကို ဆွဲညှစ်လိုက်သည်။
ဝယ်လက်၏မျက်နှာထက်၌ သွေးကြောများပင်ပေါ်လာလေသည်။ ထိုအလှလေး၌ ဤမျှအားရှိမည်ဟု မထင်ခဲ့မိပေ။ လက်ချောင်း၂ချောင်းနဲ့တင် သူ့ကိုနာကျင်စေနိုင်ပြီး သူ့မေးရိုးက ကျိုးတော့မလိုပင်။
ရယ်သံများကလဲ ရပ်တန့်သွားရသည်။
ဝယ်လက်သည် ချွေးစေးများပင်ပြန်နေပြီး မျက်နှာက ကြည့်မကောင်းလောက်အောင် ရှုံ့တွလာသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️