unicode
အပိုင်း(၆၁) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၈.၂)
ပိုင်ယွီသည် လူအုပ်ကြီးအား စူးစူးဝါးဝါးကြည့်ကာ ကျယ်လောင်စွာအော်ပြောလိုက်သည်။"အဲ့နေ့ကသာ ကျွန်တော်ဝင်မတားပေးရင် ခင်ဗျားတို့တွေ တစ်ယောက်မှ အသက်ဆက်ရှင်နေမှာမဟုတ်ဘူး ဒါပေမဲ့ ခင်ဗျားတို့ကို ကယ်ထားပေးတဲ့လူကို ဒီလိုပဲဆက်ဆံကြတယ်"
လူအုပ်ကြီးသည် အချင်းချင်းကြည့်နေကြပြီး အတော်ကြာသည်အထိ ပြန်ပြောစရာ စကားမတွေ့ကြချေ။
ပိုင်ယွီသည် ဗန်ပိုင်းယားကို ဖွက်ထားပေးခဲ့သော်လဲ ထိုဗန်ပိုင်းယားက မြို့အတွင်းရှိ မည်သူ့ကိုမှ အန္တရာယ်မပေးခဲ့ချေ။ သူတို့ကသာ စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ဖက်မှ တုံ့ပြန်လာခြင်းဖြစ်သလို ထိုနေ့ကသာ ပိုင်ယွီမတားပေးလျှင် သူတို့အားလုံး သေရလိမ့်မည်။သို့သော် ပိုင်ယွီအား မီးရှို့ခိုင်းခြင်းမှာ ဘုန်းတော်ကြီး၏အမိန့်သာဖြစ်သည်။ ထိုအမိန့်သည် အမှားအယွင်းရှိမည်ဟု သူတို့မထင်ပါပေ။
"ဘာပဲဖြစ်ဖြစ် မင်းနဲ့ဗန်ပိုင်းယားက တစ်ဖွဲ့ထဲလေ သောက်ကျိုးနည်းလိုမှပဲ"
"ဟုတ်တယ် မင်းက သူနဲ့အလိုတူအလိုပါပဲ""ကောင်းပြီး ဒီအကြောင်းတွေ ထပ်မပြောနဲ့တော့"
ဘုန်းတော်ကြီးက ကြားဝင်ဟန့်လိုက်သည်။
"ပိုင်ယွီဟာ ဗန်ပိုင်းယားဆီကနေ လှည့်စားခံလိုက်ရပြီ ဒါကြောင့် အခုချိန်မှာ သူ့ရဲ့အသိစိတ်တွေက လုံးဝပျောက်ကွယ်နေပါပြီ သူ့ရဲ့အပြစ်ကိုလဲ နားမလည်တော့ဘူး ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါတို့တွေသိကြတာပဲ ဘုရားသခင်က သူ့ကိုခွင့်လွှတ်မှာပါ"
သူ့ရှေ့မှ ကြောင်သူတော်ကိုကြည့်ကာ ပိုင်ယွီ ဆဲချင်လာသည်။
'မင်းမေကိုခွင့်လွှတ်'
"ကောင်းပြီ ဒါဆို မီးတွေက ကျွန်တော့်ကိုလောင်ကျွမ်းသွားရင် ကျွန်တော့်မှာအပြစ်ရှိပြီး ကျွန်တော့်ကိုမလောင်ကျွမ်းဘူးဆိုရင်တော့ ခင်ဗျားမှာ အပြစ်ရှိလို့ပဲ ဘယ်လိုလဲ သဘောတူလား"
ပိုင်ယွီ၏စကားကြောင့် လူတိုင်းရယ်ပွဲကျသွားသည်။ မီးမလောင်နိုင်ဟူသောစကားသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️