unicode
အပိုင်း(၇၈) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁.၁)
ထိုအချိန်တွင် ပိုင်ယွီကမူ လူအုပ်ကြီး၏ဝိုင်းဝန်းရိုက်နှက်ခြင်းခံနေရသည်။ ပိုင်ယွီသည် လက်ချောင်းများကို တင်းတင်းဆုပ်ကာ အကြောင်းရင်းမရှိ နှိပ်စက်ခံနေရသလို ခံစားနေရသည်။ ထိုကျောင်းသားများကို တစ်ချက်လေးနှင့်သတ်ပစ်လိုက်၍ရသော်လဲ တစ်ချက်လေးမှ မလှုပ်နိုင်ပေ။သို့သော် ကံကောင်းထောက်မစွာဖြင့် ရှောင်မီဟူက ဒိုင်းကာနှင့် အချိန်မီကွယ်ထားပေးသည်။ ထို့ကြောင့် လူအုပ်ကြီးက သေလောက်အောင်ဝိုင်းရိုက်လျှင်ပင် နာကျင်မှုကို တစ်စက်ကလေးမျှ ခံစားရမည်မဟုတ်ပေ။
ထိုကျောင်းသားများသည် အပြင်းအထန်ရိုက်နှင်နေသော်လဲ လူမမြင်ရမည့် အဝတ်နှင့်ဖုံးထားသောနေရာများကိုသာ ရိုက်နှက်ကန်ကျောက်ကြသည်။ ပိုင်ယွီကသာ အဝတ်များချွတ်မပြပါက သူ၏တစ်ကိုယ်လုံး၌ ဒဏ်ရာများအပြည့်ရှိနေသည်ကို မည်သူမှသိနိုင်မည်မဟုတ်ပေ။ထိုကျောင်းသားများသည် ပိုင်ယွီလဲကျသွားသည်အထိ ပြင်းထန်စွာရိုက်နှက်ခဲ့ပြီးနောက် ထွက်မသွားခင် ဆဲဆိုသွားကြသေးသည်။
ပိုင်ယွီသည် သက်ပြင်းရှည်ကြီးချကာ တစ်ယောက်ထဲထိုင်နေပြီး ရှောင်မီဟူပေးမည့်ဇာတ်ကြောင်းကို လက်ခံနေသည်။ဤကမ္ဘာတွင် မူလဇာတ်ကောင်သည် ရှဲ့ကျွင်းယန်နှင့် အတူတကွကြီးပြင်းလာကြသည်။ မူလဇာတ်ကောင်သည် ရှဲ့ကျွင်းယန်အား ကလေးဘဝကတည်းက သဘောကျခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုခံစားချက်ကို နှလုံးသားထဲ၌ တစ်ချိန်လုံးသိမ်းဆည်းထားပြီး မည်သူ့ကိုမှ ထုတ်မပြောခဲ့ပေ။
နောက်ပိုင်းတွင် မူလဇာတ်ကောင်၏မိဘများက ကားအက်စီးဒန့်ဖြစ်ကာ ဆုံးပါးသွားကြသည်။ မူလဇာတ်ကောင်၏စိတ်နေစိတ်ထားသည်လဲ ထိုကိစ္စကြောင့် များစွာပြောင်းလဲသွားပြီး တစ်ကိုယ်လုံးလဲ ညှင်းသိုးသိုးပုံစံ ပြောင်းလဲသွားခဲ့သည်။
ထိုကာလများတွင် ရှဲ့ကျွင်းယန်သည် မူလဇာတ်ကောင်အား ကိုယ်ချင်းစာကာနှစ်သိမ့်ပေးခဲ့သည်။ ထို့ကြောင့် ရှဲ့ကျွင်းယန်အပေါ်တွင်ထားသည့် မူလဇာတ်ကောင်၏စွဲလန်းမှုက ပိုမိုဆိုးဝါးလာခဲ့သည်။
မူလဇာတ်ကောင်သည် ထိုသို့တရားလွန်စွဲလန်းခြင်းကို နားမလည်ခဲ့ဘဲ ရှဲ့ကျွင်းယန်နောက် နေ့တိုင်းလိုက်၍ နှောင့်ယှက်တော့သည်။
ရလဒ်အနေနှင့် ရှဲ့ကျွင်းယန်သည် မူလဇာတ်ကောင်ကို ပိုမိုမုန်းတီးလာရသည်။
ကျောင်းတက်ရပြီးနောက် ရှဲ့ကျွင်းယန်၏ရေပန်းစားမှုက မူလဇာတ်ကောင်တွေးထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ထို့ကြောင့်လဲ မူလဇာတ်ကောင်သည် ရှဲ့ကျွင်းယန်နှင့်ခင်မင်မှုကို အကျယ်တဝံ့ဖြစ်စေချင်လာသည်။
ရှဲ့ကျွင်းယန်နှင့် ပိုမိုနီးစပ်ရန်အတွက် ညနေကျောင်းဆင်းချိန်တိုင်း၌ အိမ်ပြန်သောလမ်းတွင် မူလဇာတ်ကောင်သည် ရှဲ့ကျွင်းယန်အား နေ့တိုင်းအမြဲတမ်း အနှောင့်အယှက်ပေးတော့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️