Arc 3.9(1)

2.8K 324 0
                                    

unicode

အပိုင်း(၆၂) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၉.၁)

ဘုန်းတော်ကြီးသည် စိတ်ထဲမှ ကြောက်လန့်နေပါသော်လဲ ဗန်ပိုင်းယားထဲ၌ လက်နက်တစ်မျိုးမျိုးရှိနေသောကြောင့် ထိုသို့ဖြစ်သွားခြင်းဟု ခံစားနေရဆဲပင်။

သို့သော် ရှစ်ယွင်ယီ၌ မည်သည့်လက်နက်မှမပါသလို ကျည်ဆန်ကလဲ ပြန်ကန်ထွက်လာခြင်းမဟုတ်ကြောင်း မသိခဲ့ပေ။ ဘုန်းတော်ကြီး၏ သာမန်မျက်စိ၌ ထင်ယောင်ထင်မှားဖြစ်သွားခဲ့ခြင်းသာဖြစ်သည်။

တကယ်တမ်းတွင်မူ ကျည်ဆန်သည် ရှစ်ယွင်ယီ၏လက်ဖြင့် အဖမ်းခံလိုက်ရပြီးနောက်မှ ပြန်လည်ပစ်ပေါက်ခံလိုက်ရခြင်းဖြစ်သည်။

အလွန်မြန်လွန်းသော အရှိန်အဟုန်ကြောင့်သာ မည်သူမှ မသိလိုက်ခြင်းဖြစ်သည်။

ရှစ်ယွင်ယီကဲ့သို့ အဆင့်ရှိသောဗန်ပိုင်းယားအတွက် ထိုကျည်ဆန်သည် စာမဖွဲ့လောက်ပေ။ ထို့ကြောင့်လဲ လက်ဖြင့်ဖမ်းဆုပ်ခဲ့သည့်တိုင် ဒဏ်ရာလုံးဝမရခဲ့ချေ။

သူရောက်လာချိန်တွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် အလွန်ဒေါသထွက်ခဲ့ရသည်။ ထိုကျည်ဆန်သာ် သူ့ကိုမထိခိုက်စေသော်လဲ ပိုင်ယွီကိုမူ စက္ကန့်ပိုင်းအတွင်း သေသွားစေနိုင်သည်။ သူသာ အနည်းငယ်မျှ နောက်ကျသွားပါလျှင် ပိုင်ယွီသည်လဲ သေဆုံးသွားပေလိမ့်မည်။

ရှော့ရနေသော ရှစ်ယွင်ယီ၏နှလုံးခုန်သံတို့က မြန်ဆန်လာသည်။ သူ၏အကြည့်များက ပိုင်ယွီထံ၌သာရှိသည်။

ထိုလူသားလေးသည် လွန်ခဲ့သော၃ရက်ကထက် များစွာပိန်ပါးသွားသည်။ မျက်နှာကဖြူရော်နေပြီး စိတ်အခြေအနေက ထိုးကျနေပုံပင်။

ရှစ်ယွင်ယီ၏စိတ်ထဲ၌ ထိတ်လန့်နေဆဲပင်။ သူသာအချိန်မီမရောက်ခဲ့လျှင် ထိုလူသားလေးကို ဆုံးရှုံးရလိမ့်မည်။

ရှစ်ယွင်ယီသည် ခါတိုင်းနှင့် လုံးဝကွာခြားနေခဲ့သည်။ လူသားတစ်ယောက် အသက်ရှင်နေသောကြောင့် ပျော်ရွှင်ရသောခံစားချက်ကို တစ်ကြိမ်မှမခံစားခဲ့ဖူးပေ။

ရုတ်တရက်ရှေ့တိုးကာ ပိုင်ယွီအား ပွေ့ဖက်လိုက်သည်။ နူးညံ့သောခန္ဓာကိုယ်နှင့် နွေးထွေးမှုတို့အား ခံစားခဲ့ရသည်။ စိတ်ဖောက်ပြန်နေစဉ်အတွင်း၌ ပိုင်ယွီအား ထပ်ခါတလဲလဲ ပွေ့ဖက်ထားခဲ့သည့်အတိုင်းပင်။

ဤရက်များတွင် ပိုင်ယွီထံမှ ထွက်သွားပြီးနောက် သူ၏ရဲတိုက်ဆီသို့ ပြန်သွားခဲ့သည်။ မြင့်မြတ်လွန်းသော သူ၏ဖြစ်တည်မှုကြောင့် ရဲတိုက်ထဲတွင် လူသူများစွာရှိနေပါသော်လဲ ရှစ်ယွင်ယီ၏နှလုံးသားကမူ အမြဲတမ်းဗလာဖြစ်နေခဲ့သည်။

မည်သည်ကြောင့် ဗလာဖြစ်နေရသည်ကိုလဲ သူမသိပေ။ ဤပုံစံအတိုင်း နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သဖြင့် အသားကျနေပြီဟု ထင်ခဲ့ပါသော်လဲ ခါတိုင်းနှင့်မတူဘဲ လစ်ဟာနေခဲ့သည်။

သူ့အတွင် အလွန်အရေးကြီးသော တစ်စုံတစ်ရာက ပျောက်ဆုံးနေသည့်အတိုင်းပင်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Tempat cerita menjadi hidup. Temukan sekarang