unicode
အပိုင်း(၇၁) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၈.၁)
ရှစ်ယွင်ယီ၏စိတ်ထဲ၌ ဂနာမငြိမ်ဖြစ်လာသည်။
"မင်းလိုရုပ်ဆိုးတဲ့လူအတွက် အရှက်ထပ်မကွဲချင်ရင် နောက်တစ်ကြိမ်ထပ်မထွက်လာနဲ့"
ရှစ်ယွင်ယီသည် ခြိမ်းခြောက်မှုအပြည့်နှင့် ထိုနေရာ၌ရပ်နေသောလဲ ထိုအမျိုးသမီးတို့က တုံးအလွန်းလှသည်။တစ်ဖက်မှ နောက်မဆုတ်သောအခါ သူ့ဘက်မှလဲ အားနာစရာမလိုတော့ပေ။
သို့သော် ရှစ်ယွင်ယီ၏စကားလုံးများက အချစ်ခံရကာကြီးပြင်းလာသော အမျိုးသမီးတစ်ယောက်ကို လူများစွာအလယ်တွင် အရှက်ရစေခဲ့သည်။
သူမသည် လူပုံအလယ်မှာပင် ငိုကြွေးတော့သည်။ငိုကြွေးတာချင်းတူသော်လဲ မနေ့ကပိုင်ယွီ၏မျက်ရည်များက သူ့နှလုံးသားကို ပြောမပြတတ်အောင် နာကျင်စေပြီး ထိုအမျိုးသမီး၏မျက်ရည်များကမူ သူကိုစိတ်ရှုပ်စေသည်။ ဤနေရာတွင်သာ ဆက်နေမည်ဆိုပါက နေမကောင်းပါဖြစ်တော့မည့်အတိုင်းပင်။
ရှစ်ယွင်ယီသည် ဘာမှမစဉ်းစားတော့ဘဲ ချက်ချင်းပင် တောင်ပံများကိုဖြန့်၍ ပျံထွက်သွားလေသည်။
"ပိုင်ယွီ"ပျံသန်းနေစဉ်အတွင်း၌ ရှစ်ယွင်ယီ၏နှလုံးသားက ပိုမိုတုန်လှုပ်လာသည်။ အားကုန်သုံးကာ ပျံသန်းခဲ့ပြီးနောက် ပိုင်ယွီ၏အခန်းရှိသို့ အမြန်သွားခဲ့သည်။
သို့ပါသော်လဲ အခန်းတံခါးဖွင့်လိုက်ချိန်တွင် သူ့ရှေ့မှမြင်ကွင်းကြောင့် လုံးဝထိတ်လန့်သွားခဲ့ရသည်။ ထိုမြင်ကွင်းကို ရှစ်ယွင်ယီသေသည်အထိ မေ့နိုင်မည်မဟုတ်ပေ။ ပြင်းထန်စွာကျုံ့ဝင်သွားသော နှလုံးသားသည် ခုန်ရန်ပင်မေ့သွားခဲ့သည်။ ထိုပုံရိပ်လေးတွင် သွေးများစွာစွန်းထင်းနေသောကြောင့် လက်တွေ့ဖြစ်ပျက်သည်ဟုပင် ယုံကြည်ရန်ခက်ခဲလှသည်။သွေးအိုင်ထဲ၌ လဲကျနေသောပိုင်ယွီသည် မျက်လုံးများမှိတ်နေခဲ့သည်။ ထိုမျက်နှာလေး၌ သွေးမရှိတော့သည်အထိ ဖြူဖျော့နေသော်လဲ အနီးအနားကြမ်းပြင်တွင်မူ သွေးများရွှဲစိုနေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️