unicode
အပိုင်း(၅၁) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၁.၂)
ထိုအချိန်တွင် လီယွီဖုန်း၏လူတစ်ယောက်သည် တံခါးဝမှ အပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏လက်ထဲတွင် ဖုန်းတစ်လုံးကိုလဲ ကိုင်လာသည်။
"အရှင် မဒမ်က အရေးတကြီးရှာနေပါတယ်""ဘာကိစ္စလဲ မြန်မြန်ပြောစမ်း"
ပိုင်ယွီသည် မီးဖွားတော့မည်လောဟု လီယွီဖုန်းထင်လိုက်သည်။ မီးဖွားမည့်ရက်ကလဲ အလွန်နီးကပ်နေပြီဖြစ်သည်။
"မဒမ်ပြောတာကတော့ တို့ဟူးချဉ်ကို စားချင်လို့ပါတဲ့ အခုချက်ချင်းစားချင်ပြီးတော့ အရှင်ဝယ်လာပေးတဲ့ တို့ဟူးချဉ်ကိုပဲ စားချင်တာတဲ့..."
လူငယ်လေး၏အသံက တဖြည်းဖြည်းတိုးဝင်လာပြီး နဖူးမှချွေးသီးချွေးပေါက်များက ပို၍ကြီးမားလာသည်။
မဒမ်ကတော့ တကယ့်စံပဲ။
စစ်ဦးစီးချုပ်သည် သူ၏ဇနီးအပေါ် အလွန်အလိုလိုက်ပြီး မည်သို့သောအရေးကြီးကိစ္စများ လုပ်ဆောင်နေပါစေ သူ၏ဇနီးနှင့်ပက်သတ်သောကိစ္စဆိုပါက အမြန်ဆုံးသတင်းပို့ရမည်ဟု အားလုံးကို အမိန့်ပေးထားသည်။ယခုအခါမှ အနေအထားက ရယ်ချင်စဖွယ်ဖြစ်လာသည်။ နဂိုတင်းမာနေသောလေထုမှ စတင်ထူးဆန်းလာသည်။
ငယ်သားလေးမှာ လီယွီဖုန်းက ဒေါသထွက်သွားမည်ဟု ထင်ခဲ့ပါသော်လဲ စစ်ဦးစီးချုပ်သည် သူ၏အနားသို့လျှောက်လာ၍ လက်ထဲမှဖုန်းကို ကိုင်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။တစ်ဖက်နှင့် စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချသွားသည်။ အရှင်သခင်စစ်ဦးစီးချုပ်ကမူ ရဲတိုက်တံခါးဝသို့ တုံ့ဆိုင်းခြင်းမရှိ လျှောက်သွားပြီး သူ၏လူများကိုလဲ ဤသို့ပြောခဲ့သည်။
"သွားကြရအောင်"
ဘုရင်မင်းမြတ်သည် သူ့ရှေ့မှအဖြစ်အပျက်များကို တအံ့တသြကြည့်နေမိသည်။ အသတ်ခံရရန်စိတ်ကူးထားပြီးဖြစ်သော်လဲ ဤသို့အဓိပ္ပါယ်မဲ့သော ဖုန်းကောလ်လေးတစ်ခုက သူ့အားကယ်တင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။"လီယွီဖုန်း မင်း ထီးနန်းကို မလိုချင်ဘူးလား"
ဘုရင်မင်းမြတ်သည် မနေနိုင်တော့ဘဲ လီယွီဖုန်းအား အော်ပြောလိုက်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️